အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 12:26 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖြောင့်မတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို လမ်းပြ​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​လမ်း​မူကား သူ​တို့​ကို​ပင် မှားယွင်း​စေ​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဖြောင့်မတ်သောသူသည် အိမ်နီးချင်းကို လမ်း ပြတတ်၏။ မတရားသောသူလိုက်သော လမ်းမူကား၊ သူ့ကိုပင် လှည့်စားတတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သူ တော် ကောင်း သည်၊ အ ပေါင်း အ ဖော် အား လမ်း ပြ တတ်၏။ လူ ဆိုး၏ အ လေ့ အ လာ မူ ကား၊ ကိုယ် ကို မှောက် မှား စေ တတ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ဖြောင့်​မတ်​သော​သူ​သည် အိမ်​နီး​ချင်း​ကို လမ်း​ပြ​တတ်၏။ မ​တ​ရား​သော​သူ​လိုက်​သော​လမ်း​မူ​ကား၊ သူ့​ကို​ပင် လှည့်​စား​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 12:26
16 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာမြေကြီး​ပေါ်​ရှိ သန့်ရှင်း​သော​သူ​တို့​နှင့်​ပတ်သက်၍​မူကား သူ​တို့​သည် ကြီးမြတ်​သော​သူ​ဖြစ်​ကြ​၏​။ ငါ​သည် သူ​တို့​ကို အလွန်​နှစ်သက်​၏​။


မကောင်းမှု​ပြု​သော​သူ​သည် မိမိ​နှုတ်​ကျူးလွန်​သော​အပြစ်​အားဖြင့် ထောင်ချောက်​မိ​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ဆင်းရဲဒုက္ခ​ထဲမှ လွတ်မြောက်​တတ်​၏​။


လူ​၏​စိတ်နှလုံး​တွင်​ရှိ​သော​စိုးရိမ်ပူပန်​ခြင်း​သည် သူ့​ကို​ညှိုးငယ်​စေ​တတ်​၏​။ ကောင်း​သော​စကား​မူကား သူ့​ကို​ဝမ်းမြောက်​စေ​တတ်​၏​။


လုံ့လနည်း​သော​သူ​သည် မိမိ​လိုက်​သော​သားကောင်​ကို ကင်​၍​မ​စား​ရ​။ ဝီရိယ​ရှိ​သော​သူ​မူကား အဖိုးတန်​သော​စည်းစိမ်ဥစ္စာ​ကို​ရ​တတ်​၏​။


မကောင်းမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​သည် လမ်းလွဲ​သွား​ကြ​သည်​မ​ဟုတ်​လော​။ ကောင်း​သော​အမှု​ကို တွေးတော​ကြံစည်​သော​သူ​တို့​မူကား မေတ္တာကရုဏာ​နှင့်​သမ္မာတရား​ကို တွေ့ရှိ​ကြ​လိမ့်မည်​။


ရက်စက်ကြမ်းကြုတ်​သော​သူ​သည် မိမိ​၏​အိမ်နီးချင်း​ကို​သွေးဆောင်​၍ မ​ကောင်း​သော​လမ်း​သို့ လိုက်​စေ​တတ်​၏​။


မိမိ​စကား​ကို​ထိန်းချုပ်​သော​သူ​သည် အသိပညာ​ရှိ​၏​။ စိတ်​အေးဆေး​တည်ငြိမ်​သော​သူ​သည် ထိုးထွင်းဉာဏ်​ရှိ​သော​သူ​ဖြစ်​၏​။


သင်​တို့​ကို​လှည့်ဖြား​သော​သူ​တို့​နှင့်​ပတ်သက်၍ ဤ​အကြောင်းအရာ​များ​ကို သင်​တို့​ထံ ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သူ​သည် ပထမ​သားရဲ​ရှေ့​၌ ပြု​ခွင့်​ရရှိ​ထား​သော​နိမိတ်​လက္ခဏာ​များ​အားဖြင့် ကမ္ဘာ​မြေကြီး​ပေါ်တွင်​နေထိုင်​သော​သူ​အားလုံး​တို့​ကို​လှည့်ဖြား​၍ ဓား​ဒဏ်ရာ​ရှိ​သော်လည်း အသက်ရှင်​ခဲ့​သော​သားရဲ​၏​ရုပ်တု​ကို​ပြုလုပ်​ရန် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​အား​စေခိုင်း​၏။