အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 12:17 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဖြောင့်မတ်​စွာ​ပြောဆို​သော​သူ​သည် သစ္စာစကား​ကို​ထွက်ဆို​တတ်​၏​။ မုသား​သက်သေ​မူကား လိမ်လည်လှည့်ဖြား​သော​စကား​ကို​ထွက်ဆို​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

မှန်သောစကားကို ပြောသောသူသည် ဖြောင့် မတ်ခြင်းတရား၊ မမှန်သောသက်သေကို ခံသောသူမူကား၊ မုသာတရားကို ပြသတတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မှန် ကန် ရာ ကို ပြော ဆို သော သူ သည်၊ ဖြောင့် မတ် ရာ ကို လည်း‌ ကောင်း၊ မ မှန် သော သက် သေ သည်၊ လိမ် လည် ရာ ကို လည်း‌ ကောင်း၊ ထွက် ဆို တတ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မှန်​သော​စ​ကား​ကို ပြော​သော​သူ​သည် ဖြောင့်​မတ်​ခြင်း​တ​ရား၊ မ​မှန်​သော​သက်​သေ​ကို​ခံ​သော​သူ​မူ​ကား၊ မု​သား​တ​ရား​ကို ပြ​သ​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 12:17
15 ပူးပေါင်းရင်းမြစ်များ  

ဆိုးမိုက်​သော​သူ​သည် မိမိ​၏​အမျက်​ဒေါသ​ကို ချက်ချင်း​ထင်ရှား​စေ​တတ်​၏​။ ဆင်ခြင်ဉာဏ်​ရှိ​သော​သူ​မူကား အရှက်ခွဲ​ခံရ​ခြင်း​ကို​ပင် ဥပေက္ခာပြု​၏​။


ဓား​နှင့်​ထိုး​သကဲ့သို့ မဆင်မခြင်​ပြောဆို​တတ်​သော​သူ​ရှိ​၏​။ ပညာရှိ​သော​သူ​တို့​၏​စကား​မူကား ဒဏ်ရာဒဏ်ချက်​ကို ပျောက်ကင်း​စေ​တတ်​၏​။


မှန်ကန်​သော​သက်သေ​သည် အသက်​ကို​ကယ်နုတ်​တတ်​၏​။ လိမ်လည်​ထွက်ဆို​သော​သူ​မူကား လိမ်လည်လှည့်ဖြား​တတ်​၏​။


သစ္စာရှိ​သော​သက်သေ​သည် လိမ်လည်​ခြင်း​မ​ပြု​။ မုသား​သက်သေ​မူကား လိမ်လည်​ထွက်ဆို​တတ်​၏​။


ဆိုးညစ်​သော​သက်သေ​သည် တရားမျှတမှု​ကို ပြက်ရယ်​ပြု​တတ်​၏​။ ဆိုးယုတ်​သော​သူ​တို့​၏​နှုတ်​သည်​လည်း အပြစ်ဒုစရိုက်​ကို ဝါးမျို​တတ်​၏​။


မုသား​သက်သေ​သည် အပြစ်ဒဏ်​နှင့်​ကင်းလွတ်​လိမ့်မည်​မ​ဟုတ်​။ လိမ်လည်​ထွက်ဆို​သော​သူ​သည်​လည်း လွတ်မြောက်​လိမ့်မည်​မ​ဟုတ်​။


လိမ်လည်​သော​သက်သေ​သည် ပျက်စီး​သွား​လိမ့်မည်​။ ကိုယ်တိုင်​ကြား​ရ​သော​သူ​မူကား အစဉ်​ပြောဆို​နေ​လိမ့်မည်​။


အကြောင်းမရှိ​ဘဲ သင်​၏​အိမ်နီးချင်း​ကို​ဆန့်ကျင်​၍ သက်သေ​မ​ထွက်ဆို​နှင့်​။ သင်​၏​နှုတ်ခမ်း​ဖြင့် မ​လှည့်စား​နှင့်​။


လိမ်လည်​ထွက်ဆို​သော​မုသား​သက်သေ​နှင့် ညီအစ်ကို​တို့​ကြား​၌ အငြင်းပွားမှု​များ​ဖြစ်ပွား​စေ​သော သူ​တို့​ဖြစ်​ကြ​၏​။


သင်​တို့​ပြုကျင့်​ရ​မည်​မှာ အချင်းချင်း မှန်​သော​စကား​ကို ပြော​ကြ​လော့​။ မြို့​တံခါးဝ​တို့​၌ တရားစီရင်​ရာ​တွင် ဖြောင့်မတ်​မှန်ကန်​စွာ စီရင်ဆုံးဖြတ်​ကြ​လော့​။


အကြောင်းမူကား မကောင်း​သော​တွေးတော​ကြံစည်​မှု​များ၊ လူ​သတ်​ခြင်း၊ အိမ်ထောင်ရေး​ဖောက်ပြန်​မှု​ကို​ကျူးလွန်​ခြင်း၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ ခိုးယူ​ခြင်း၊ မမှန်​သော​သက်သေ​ထွက်ဆို​ခြင်း​နှင့် စော်ကား​ပြောဆို​ခြင်း​တို့​သည် စိတ်နှလုံး​ထဲမှ​ထွက်လာ​ကြ​၏။


ယဇ်ပုရောဟိတ်​အကြီးအကဲ​များ​နှင့် တရား​လွှတ်တော်​အဖွဲ့ဝင်​အားလုံး​သည် ယေရှု​ကို သေဒဏ်​ချမှတ်​နိုင်​ရန် ကိုယ်တော်​ကို​ဆန့်ကျင်​ထွက်ဆို​မည့် မမှန်​သော​သက်သေ​ကို ရှာ​ကြ​၏။


ထို့နောက် သူ​တို့​သည် မမှန်​သော​သက်သေ​များ​ကို​ခေါ်လာ​၍ “ဤ​သူ​သည် သန့်ရှင်း​ရာ​ဌာန​တော်​နှင့်​ပညတ်​တရား​တို့​အား ဆန့်ကျင်​သည့်​စကား​ကို အစဉ်မပြတ်​ပြောဆို​နေ​ပါ​သည်။


သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။