အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
သုတ္တံကျမ်း။ 10:8 - မြန်မာ့စံမီသမ္မာကျမ်း စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။ Common Language Bible လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။ Garrad Bible နှ လုံး ရည် ကောင်း သော သူ သည်၊ ပ ညတ် များ ကို ခံ ယူ တတ်၏။ မိုက် မဲ သော စ ကား အိုး မူ ကား၊ ဆုံး ရှုံး တတ် ၏။ Judson Bible လိမ္မာသောသူသည် ပညတ်တရားကိုခံတတ်၏။ စကားများသောလူမိုက်မူကားဆုံးရှုံးတတ်၏။ |
အကျွန်ုပ်အား အသိဉာဏ်ပေးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏တရားတော်ကို လိုက်နာကျင့်သုံးပါမည်။ ထိုအရာကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ထိန်းပါမည်။
ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
မျက်စိမှိတ်ပြသောသူသည် ဝမ်းနည်းပူဆွေးမှုကိုဖြစ်ပေါ်စေတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ခက်ခဲပင်ပန်းသောအလုပ်ရှိသမျှတို့၌ အကျိုးအမြတ်ရှိ၏။ အပြောသက်သက်မူကား ချို့တဲ့နွမ်းပါးခြင်းကိုသာဖြစ်စေ၏။
ဆင်ခြင်ဉာဏ်ရှိသောသူ၏ဉာဏ်ပညာမှာ မိမိလမ်းကိုသိရှိနားလည်ခြင်းဖြစ်၏။ မိုက်မဲသောသူတို့၏မိုက်မဲခြင်းမူကား လိမ်လည်လှည့်ဖြားခြင်းဖြစ်၏။
ပြက်ရယ်ပြုတတ်သောသူကို မဆုံးမနှင့်။ ဆုံးမလျှင် သူသည် သင့်ကိုမုန်းလိမ့်မည်။ ပညာရှိသောသူကို ဆုံးမလော့။ သို့ပြုလျှင် သူသည် သင့်ကိုချစ်လိမ့်မည်။
ပညာရှိသောသူအား ပညာကိုပေးလော့။ သို့ပြုလျှင် သူသည် ပို၍ပညာရှိလာလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လော့။ သို့ပြုလျှင် သူသည် ပညာတိုးပွားလိမ့်မည်။
ပညာရှိသောသူ၏နှုတ်ထွက်စကားသည် မျက်နှာရစေတတ်၏။ မိုက်မဲသောသူ၏နှုတ်ခမ်းမူကား သူ့ကိုဝါးမျိုဖျက်ဆီးတတ်၏။
သင်တို့တွင် မည်သူသည် ပညာရှိဖြစ်ပြီး တတ်သိလိမ္မာသူဖြစ်သနည်း။ ထိုသူသည် ဉာဏ်ပညာ၏နူးညံ့သိမ်မွေ့ခြင်း၌တည်သော မိမိ၏လုပ်ဆောင်မှုတို့ကို ကောင်းသောအသက်ရှင်နေထိုင်မှုအားဖြင့် သက်သေပြပါစေ။