ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
သုတ္တံကျမ်း။ 10:24 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူကြောက်လန့်သောအမှုသည် သူ့အပေါ်သို့သက်ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူတို့၏အလိုဆန္ဒကိုကား ကိုယ်တော်ဖြည့်ဆည်းပေးတော်မူလိမ့်မည်။ Common Language Bible မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။ Garrad Bible လူ ဆိုး ၏ ကြောက် မက် ဖွယ် အ ရေး သည်၊ သူ၌ သင့် ရောက် လိမ့် မည်။ သူ တော် ကောင်း မူ ကား၊ အ လို ရှိ ရာ ပြည့် စုံ လိမ့် မည်။ Judson Bible မတရားသောသူ ကြောက်တတ်သောအမှုသည် သူ့အပေါ်သို့ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသောအကျိုးကိုကား၊ ဘုရားသခင်ပေးတော်မူမည်။ |
ကြောက်မက်ဖွယ်အသံများကိုသာ သူ့နားတွင် ကြားနေရ၏။ ငြိမ်းချမ်းနေချိန်တွင်ပင် သူ့ထံ ဖျက်ဆီးခြင်းဘေး ရောက်လာတတ်၏။
ငါကြောက်ရွံ့ထိတ်လန့်သောအရာသည် ငါ့အပေါ်သို့ ကျရောက်လာပြီ။ ငါစိုးရိမ်သောအမှုကို ငါကြုံရလေပြီ။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
ကိုယ်တော်သည် သူ၏စိတ်နှလုံးအလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သူ့နှုတ်တောင်းဆိုသောအရာကို ငြင်းပယ်တော်မမူပါ။(စေလာ)
ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် သင်၏စိတ်နှလုံးဆန္ဒများကို သင့်အားဖြည့်ဆည်းပေးတော်မူလိမ့်မည်။
ထို့ကြောင့် သင်တို့ဘေးဒုက္ခရောက်သောအခါ ငါရယ်မောမည်။ ကြောက်မက်ဖွယ်ဘေးသည် သင်တို့ထံသို့ရောက်သောအခါ ငါပြက်ရယ်ပြုမည်။
ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း
ဆိုးယုတ်သောသူတို့၏ယဇ်ကောင်ကို ထာဝရဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်မှန်သောသူတို့၏ဆုတောင်းချက်ကိုကား ကိုယ်တော်နှစ်သက်တော်မူ၏။
ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။
ဓားဘေးကို သင်တို့ကြောက်ကြသည်မဟုတ်လော။ ထိုဓားဘေးကိုပင် သင်တို့အပေါ် ငါကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဤသို့လျှောက်ထားသောအရာအားလုံးသည်လည်း နေဗုခဒ်နေဇာမင်းကြီး၌ ဖြစ်ပျက်လာလေ၏။
ဖြောင့်မတ်ခြင်းကို ဆာလောင်မွတ်သိပ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဝပြောခြင်းသို့ရောက်ကြလိမ့်မည်။
ငါသည် သင်တို့ကို မိဘမဲ့အဖြစ် ပစ်ထားမည်မဟုတ်။ သင်တို့ထံသို့ ငါပြန်လာဦးမည်။
သင်တို့သည် ယခုတိုင်အောင် ငါ့နာမ၌ မည်သည့်အရာကိုမျှ မတောင်းကြသေး။ သင်တို့၏ဝမ်းမြောက်ခြင်းပြည့်ဝစုံလင်စေရန် တောင်းကြလော့။ တောင်းလျှင်ရကြလိမ့်မည်။
တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။