ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
သုတ္တံကျမ်း။ 10:15 - မြန်မာ့စံမီသမ္မာကျမ်း ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသောသူတို့၏ပျက်စီးခြင်းအကြောင်းသည် သူတို့၏ဆင်းရဲခြင်းဖြစ်၏။ Common Language Bible ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။ Garrad Bible ကြွယ် ဝ သော သူ၏ စည်း စိမ် သည်၊ ကိုယ် အ ဖို့ ခိုင် ခံ့ သော မြို့ သ ဖွယ် ဖြစ်၏။ နွမ်း ပါး သူ တို့၏ ဆင်း ရဲ ခြင်း မူ ကား၊ ကိုယ် ကို ဖျက် ဆီး ရာ အ ကြောင်း ဖြစ် ၏။ Judson Bible ငွေရတတ်သောသူ၏စည်းစိမ်သည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။ |
ထိုသူတို့သည် မိမိတို့၏ဥစ္စာပစ္စည်းကိုကိုးစား၍ မိမိတို့၏ဓနဥစ္စာကြွယ်ဝမှု၌ ဂုဏ်ယူဝါကြွားကြ၏။
“ဘုရားသခင်ကို မိမိ၏မှီခိုရာမဖြစ်စေဘဲ မိမိ၏ဓနဥစ္စာကြွယ်ဝမှုကိုယုံကြည်ကိုးစားသောသူကို ကြည့်ကြလော့။ သူသည် မိမိ၏ယုတ်မာစဉ်းလဲမှုအားဖြင့် အားကြီးလာ၏”ဟု ဆိုလျက် သူ့ကိုရယ်မောကြလိမ့်မည်။
ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း၏မုန်းတီးခြင်းကိုပင်ခံရ၏။ ချမ်းသာသောသူမူကား ချစ်ခင်သူများ၏။
ချမ်းသာသောသူ၏စည်းစိမ်ဥစ္စာသည် သူ၏ခိုင်ခံ့သောမြို့ဖြစ်၏။ ၎င်းကို မြင့်မားသောတံတိုင်းနှင့်တူသည်ဟု သူထင်မှတ်တတ်၏။
ဆင်းရဲသောသူကို သူ၏ညီအစ်ကိုအားလုံးကပင် မုန်းတတ်ကြ၏။ သူ၏မိတ်ဆွေတို့သည် သူ့ကိုဝေးဝေးရှောင်ကြသည်မှာ အဘယ်ဆိုဖွယ်ရှိသနည်း။ သူသည် သူတို့နောက်သို့လိုက်၍ စကားပြောသော်လည်း မည်သူမျှ သူနှင့်စကားမပြောကြပေ။
အကြောင်းမူကား ငွေသည် အကာအကွယ်ဖြစ်သကဲ့သို့ ဉာဏ်ပညာသည် အကာအကွယ်ဖြစ်၏။ ဉာဏ်ပညာသည် ၎င်းကိုပိုင်ဆိုင်သောသူအား အသက်ရှင်စေတတ်၏။ ဤသည်ကား အသိပညာ၏အကျိုးဖြစ်၏။
ထာဝရဘုရားက “ပညာရှိသောသူသည် မိမိဉာဏ်ပညာ၌ မဝါကြွားစေနှင့်။ ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေနှင့်။ ချမ်းသာသောသူသည် မိမိဓနဥစ္စာ၌ မဝါကြွားစေနှင့်”ဟု မိန့်တော်မူ၏။
တပည့်တော်တို့သည် ကိုယ်တော်၏စကားကိုအံ့အားသင့်ကြ၏။ သို့သော် ယေရှုက“ချစ်သားတို့၊ ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် ခဲယဉ်းလှသည်တကား။
ငါ၏ဝိညာဉ်ကိုလည်း အချင်းဝိညာဉ်၊ ကောင်းသောအရာအမြောက်အမြားတို့ကို နှစ်ပေါင်းများစွာအတွက် သိုမှီးထားလျက်ရှိပြီ။ အနားယူလော့။ စားသောက်ပျော်မွေ့လော့ဟူ၍ ငါပြောမည်’ဟု ဆိုလေ၏။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊