Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 10:15 - Common Language Bible

15 ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ကြွယ် ဝ သော သူ၏ စည်း စိမ် သည်၊ ကိုယ် အ ဖို့ ခိုင် ခံ့ သော မြို့ သ ဖွယ် ဖြစ်၏။ နွမ်း ပါး သူ တို့၏ ဆင်း ရဲ ခြင်း မူ ကား၊ ကိုယ် ကို ဖျက် ဆီး ရာ အ ကြောင်း ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ငွေ​ရ​တတ်​သော​သူ၏​စည်း​စိမ်​သည် သူ၏​ခိုင်​ခံ့​သော​မြို့​ဖြစ်၏။ ဆင်း​ရဲ​သား​တို့၏​ဆင်း​ရဲ​ခြင်း​မူ​ကား၊ သူ​တို့၏ အ​ကျိုး​နည်း​ကြောင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ချမ်းသာ​သော​သူ​၏​စည်းစိမ်ဥစ္စာ​သည် သူ​၏​ခိုင်ခံ့​သော​မြို့​ဖြစ်​၏​။ ဆင်းရဲ​သော​သူ​တို့​၏​ပျက်စီး​ခြင်း​အကြောင်း​သည် သူ​တို့​၏​ဆင်းရဲ​ခြင်း​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 10:15
13 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည်​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​ကို ယုံ​ကြည်​အား​ကိုး​သူ​များ၊ချမ်း​သာ​ကြွယ်​ဝ​မှု​ကို ကြွား​ဝါ​သူ​များ​ဖြစ်​ပေ​သည်။


``မိ​မိ​၏​လုံ​ခြုံ​မှု​အ​တွက်​ထာ​ဝ​ရ​ဘု​ရား​ကို အား​ကိုး​မည့်​အ​စား​မိ​မိ​၏​စည်း​စိမ်​ချမ်း​သာ ကို အား​ကိုး​သူ​ကို​ကြည့်​ကြ​လော့။ သူ​သည်​ယုတ်​မာ​မှု​အား​ဖြင့်​မိ​မိ​၏​လုံ​ခြုံ​မှု​ကို ရှာ​သူ​ဖြစ်​၏'' ဟု​ဆို​ကြ​လိမ့်​မည်။


ဆင်းရဲသောသူသည် မိမိအိမ်နီးချင်း မုန်းခြင်း ကိုပင် ခံရမည်။ ငွေရတတ်သောသူ၌မူကား၊ များစွာ သော အဆွေခင်ပွန်းရှိလိမ့်မည်။


ငွေရတတ်သောသူက၊ ငါ့စည်းစိမ်သည် ခိုင်ခံ့ သောမြို့ဖြစ်၏။ မြင့်သောမြို့ရိုးနှင့်တူသည်ဟု ထင်တတ် ၏။


ဆင်းရဲသောသူ၏ ညီအစ်ကိုရှိသမျှတို့သည် သူ့ကို မုန်းတတ်ကြ၏။ သူ၏အဆွေခင်ပွန်းတို့သည် သူ့ကို သာ၍ ဝေးစွာရှောင်တတ်ကြ၏ လိုက်၍ခေါ်သော်လည်း ကွယ်ပျောက်ကြပြီ။


အကြောင်းမူကား၊ ပညာသည် ကွယ်ကာတတ် ၏။ ငွေသည်လည်း ကွယ်ကာတတ်၏။ ပညာအတတ် သည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ပညာအတတ်ကို ရသောသူသည် အသက်ကိုလည်း ရတတ်၏။


ထာ​ဝ​ရ​ဘု​ရား​က၊ ``ပ​ညာ​ရှိ​သည်​မိ​မိ​ဉာဏ်​ပ​ညာ​ရှိ​မှု၊ ခွန်​အား​ကြီး​မား​သူ​သည်​မိ​မိ​ခွန်​အား​ကြီး မား​မှု၊ ချမ်း​သာ​ကြွယ်​ဝ​သူ​သည်​မိ​မိ​ချမ်း​သာ ကြွယ်​ဝ​မှု​၌ မ​ဝါ​မ​ကြွား​အပ်။


တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​စ​ကား​ကို ကြား​လျှင် လွန်​စွာ​အံ့​သြ​ကြ​၏။ တစ်​ဖန်​သ​ခင် ယေ​ရှု​က ``ငါ့​သား​တို့၊ ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​သို့​ဝင်​နိုင်​ရန်​ခက်​လှ​၏။-


ထို​နောက်`သင်​သည်​နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင် ရန်​ဥစ္စာ​ပစ္စည်း​များ​ကို​သို​မှီး​ထား​ပြီး​ဖြစ်​၍ စိတ်​ချမ်း​သာ​စွာ​နေ​လော့။ စား​သောက်​ပျော်​ပါး စွာ​နေ​လော့' ဟု​ငါ့​ကိုယ်​ကို​ငါ​ပြော​မည်​ဟု ဆို​၏။-


လော​ကီ​စည်း​စိမ်​ဥစ္စာ​ကြွယ်​ဝ​သူ​တို့​အား မာန်​မာ​န​မ​ထား​ကြ​ရန်​သ​တိ​ပေး​လော့။ သူ​တို့​သည်​မ​တည်​မြဲ​သည့်​စည်း​စိမ်​ချမ်း သာ​ကို​မ​မျှော်​ကိုး​ဘဲ၊ ငါ​တို့​ခံ​စား​နိုင်​စေ ရန်​ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ရက်​ရော​စွာ ပေး​တော်​မူ​သော​ဘု​ရား​သ​ခင်​အား​မျှော် ကိုး​ရ​ကြ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ