အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
သုတ္တံကျမ်း။ 1:3 - မြန်မာ့စံမီသမ္မာကျမ်း ပညာသတိနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် သမာသမတ်ရှိခြင်းကို ရရှိစေရန်အတွက်လည်းကောင်း၊ Common Language Bible လျစ်လျူစွာဆုံဖြတ်ခြင်းအမှုအရာ၌ လေ့ကျက်မည်အကြောင်း၊ မိုက်သောသူသည် လိမ္မာ၍၊ လူပျိုသည် ပညာသတိနှင့်ပြည့်စုံမည်အကြောင်း၊ |
အစ္စရေးလူမျိုးအပေါင်းတို့သည် ထိုသို့ရှင်ဘုရင်စီရင်လိုက်သောအမှုကို ကြားသိရသောအခါ ရှင်ဘုရင်၏နှလုံးသားထဲတွင် ဘုရားသခင်၏ဉာဏ်ပညာတည်နေသောကြောင့်သာ ဤသို့စီရင်နိုင်ကြောင်းကို သိကြသောကြောင့် ရှင်ဘုရင်ကို ကြောက်ရွံ့ရိုသေကြလေ၏။
အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။
ဤသည်ကား သင်သည် မှန်ကန်သောစကားစစ်စစ်တို့ကို သိစေရန်နှင့် သင့်ကိုစေလွှတ်သောသူများအား မှန်ကန်သောစကားတို့ဖြင့် ဖြေကြားနိုင်ရန်ဖြစ်၏။
ဒေသနာဆရာသည် နှစ်သက်ဖွယ်စကားတို့ကိုတွေ့အောင်ရှာ၍ သမ္မာတရားနှင့်ဆိုင်သောစကားတို့ကို မှန်ကန်စွာရေးသားခဲ့၏။