သုတ္တံကျမ်း။ 1:21 - မြန်မာ့စံမီသမ္မာကျမ်း ဆူညံသောလမ်းထိပ်မှ ဟစ်ခေါ်၍ မြို့တံခါးအဝင်ဝတို့၌မြွက်ဆိုသောစကားဟူမူကား Common Language Bible လူစည်းဝေးရာ အဦး၌၎င်း၊ မြို့တံခါးဝတို့၌၎င်း၊ မြို့ထဲ၌၎င်း ခေါ်၍မြွက်ဆိုသောစကားဟူမူကား၊ Garrad Bible စည် ပင် သော လမ်း ဆုံး များ တွင် အော် ဟစ်၍၊ တံ ခါး ဝ များ ၌ လည်း ကောင်း၊ မြို့ တွင်း ၌ လည်း ကောင်း၊ မြွက် ဆို သော စ ကား ဟူ မူ ကား၊ Judson Bible လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊ |
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
များစွာသောလူထုပရိသတ်တို့သည် အထံတော်သို့စုဝေးလာကြသဖြင့် ကိုယ်တော်သည် လှေပေါ်သို့တက်၍ ထိုင်တော်မူ၏။ လူထုပရိသတ်အပေါင်းတို့မူကား ကမ်းပေါ်တွင် ရပ်နေကြ၏။
ယေရှုကလည်း“ငါသည် လောက၌ ထင်ရှားစွာဟောပြောခဲ့၏။ ဂျူးလူမျိုးအပေါင်းတို့စုဝေးရာ ဝတ်ပြုစည်းဝေးကျောင်းနှင့် ဗိမာန်တော်၌ အစဉ်အမြဲသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပေ။
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။