ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူပြင်ဆင်ထားသောနေရာသို့ ထာဝရဘုရား၏သေတ္တာတော်ကို ယူဆောင်လာရန် အစ္စရေးလူမျိုးအပေါင်းတို့ကို ဂျေရုဆလင်မြို့သို့ စုဝေးစေ၏။
ဝတ်ပြု 9:5 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် မောရှေမှာကြားသောအရာတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်ရှေ့သို့ယူဆောင်လာကြ၏။ လူထုအပေါင်းတို့သည် ချဉ်းကပ်လာကြ၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ Common Language Bible ထို့ကြောင့်သူတို့သည်မောရှေမှာကြားသော အရာရှိသမျှကို တဲတော်အရှေ့သို့ယူ ဆောင်ခဲ့ကြ၏။ ဣသရေလအမျိုးသား အပေါင်းတို့သည်လည်း ထာဝရဘုရား အားဝတ်ပြုရန်စုဝေးရောက်ရှိလာကြ၏။- Garrad Bible မော ရှေ မှာ ထား သ မျှ ကို တွေ့ ဆုံ ရာ တဲ တော် ရှေ့ သို့ ဆောင် ခဲ့ လျက် ပ ရိ သတ် ဥဿုံ ချဉ်း ကပ်၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ရပ် ကြ ရာ၊ Judson Bible မောရှေမှာထားသောအရာတို့ကို ပရိသတ်စည်းဝေးရာတဲတော်ရှေ့သို့ ဆောင်ခဲ့ပြီးမှ၊ ပရိသတ်အပေါင်းတို့သည်ချဉ်းကပ်၍ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။ |
ထို့နောက် ဒါဝိဒ်မင်းကြီးသည် သူပြင်ဆင်ထားသောနေရာသို့ ထာဝရဘုရား၏သေတ္တာတော်ကို ယူဆောင်လာရန် အစ္စရေးလူမျိုးအပေါင်းတို့ကို ဂျေရုဆလင်မြို့သို့ စုဝေးစေ၏။
လူအပေါင်းတို့သည် ရေတံခါးရှေ့ရှိကွင်းပြင်တွင် တစ်စိတ်တစ်သဘောတည်းစုရုံးလာကြပြီး မောရှေအားဖြင့် အစ္စရေးလူမျိုးတို့အား ထာဝရဘုရား မိန့်မှာတော်မူသော ပညတ်တရားကျမ်းကို ယူဆောင်ခဲ့ရန် ကျမ်းပြုဆရာဧဇရအား တောင်းဆိုကြ၏။
မောရှေသည်လည်း လူတို့ကို ဘုရားသခင်နှင့်တွေ့ဆုံစေရန် စခန်းထဲမှ ခေါ်ထုတ်လာသဖြင့် သူတို့သည် တောင်ခြေ၌ရပ်နေကြ၏။
ထာဝရဘုရားရှေ့တော်၌ မိတ်သဟာယယဇ်ကို ပူဇော်ရန်အတွက် နွားတစ်ကောင်နှင့်သိုးထီးတစ်ကောင်၊ ဆီနှင့်ရောသောဘောဇဉ်ပူဇော်သက္ကာကို ယူဆောင်လာလော့’ဟု ဆင့်ဆိုလော့။ ထာဝရဘုရားသည် ယနေ့ သင်တို့အား ကိုယ်ထင်ရှားပြတော်မူမည်”ဟု ဆို၏။
ထိုအခါ မောရှေက “ဤသည်ကား သင်တို့ထံ ထာဝရဘုရား၏ဘုန်းအသရေထင်ရှားတော်မူမည့်အကြောင်း ထာဝရဘုရားမိန့်မှာတော်မူသော သင်တို့ဆောင်ရွက်ရမည့်အရာဖြစ်၏”ဟု ဆို၏။
ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ သင်တို့၏မြို့၌ရှိသော တိုင်းတစ်ပါးသားတို့သည် ပညတ်တရားစကားရှိသမျှတို့ကို ကြားနာ၍သင်ယူမည့်အကြောင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ကြောက်ရွံ့၍ ပညတ်တရားစကားရှိသမျှတို့ကို လိုက်နာစောင့်ထိန်းမည့်အကြောင်း သူတို့ကို စုရုံးစေလော့။