သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
ဝတ်ပြု 9:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ဘောဇဉ်ပူဇော်သက္ကာကိုယူဆောင်လာ၍ နံနက်မီးရှို့ရာယဇ်အပြင် လက်တစ်ဆုပ်စာဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ Common Language Bible ထို့နောက်သူသည်ဘောဇဉ်သကာထဲမှမုန့် ညက်လက်တစ်ဆုပ်စာကိုယူ၍ ယဇ်ပလ္လင်ပေါ် တွင်မီးရှို့ပူဇော်သည်။ (နေ့စဉ်မီးရှို့ပူဇော် သောယဇ်အပြင်ထပ်ဆင့်ပူဇော်ခြင်းဖြစ် သည်။-) Garrad Bible ဘော ဇဉ် သ က္ကာ ကို တင် သွင်း ၍ သဲ့ ယူ သော တစ် လက် ဆွန်း ကို ပ လ္လင် တော် ထက် နံ နက် မီး ရှို့ ရာ သ က္ကာ ပြင် ပူ ဇော် ခြင်း များ ကို ပြု လေ ၏။ Judson Bible ဘောဇဉ်ပူဇော်သကာကိုလည်း ဆောင်ခဲ့ပြီးလျှင်၊ တစ်လက်ဆွန်းကိုယူ၍ ယဇ်ပလ္လင်၌ နံနက်မီးရှို့ရာယဇ်နားမှာ မီးရှို့လေ၏။ |
သူတို့သည် အစ္စရေးလူမျိုးတို့အား ထာဝရဘုရားပေးအပ်တော်မူသောပညတ်တရားကျမ်းတွင် ရေးသားထားသည့်အတိုင်း မီးရှို့ရာယဇ်ကို မီးရှို့ရာယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား နံနက်တစ်ကြိမ်၊ နေဝင်ချိန်တစ်ကြိမ် ပုံမှန်ယဇ်ပူဇော်ရ၏။
ထို့ပြင် ရှောလမုန်မင်းကြီးသည် တိုင်ရာဘုရင်ဟုရံမင်းကြီးထံသို့ တမန်ကိုစေလွှတ်၍ “အကျွန်ုပ်၏ခမည်းတော် ဒါဝိဒ်မင်းကြီးအား သူစံမြန်းရာနန်းတော်ကိုဆောက်လုပ်ရန်အတွက် သစ်ကတိုးသားများကို အရှင်မင်းကြီးပို့ပေးခဲ့သည့်နည်းတူ အကျွန်ုပ်ထံသို့လည်း ပို့ပေးပါလော့။
၎င်းကို အာရုန်၏သားတို့သည် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌တင်ထားသော မီးရှို့ရာယဇ်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
ရှစ်ရက်မြောက်သောနေ့၌ မောရှေသည် အာရုန်နှင့် သူ၏သားများ၊ အစ္စရေးသက်ကြီးဝါကြီးများကို ခေါ်ပြီးလျှင်
ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ လူ့သား၏အသားကိုမစား၊ သူ၏သွေးကိုမသောက်လျှင် သင်တို့၌အသက်မရှိ။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။