ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
ဝတ်ပြု 8:27 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။ Common Language Bible သူသည်၎င်းတို့ကိုအာရုန်နှင့်သူ၏သားတို့ လက်သို့ပေးအပ်သဖြင့် သူတို့သည်ထာဝရ ဘုရားအားအထူးပူဇော်သကာအဖြစ် ဆက်သကြသည်။- Garrad Bible ရှိ သ မျှ ကို အာ ရုန် နှင့် သား တို့ လက် ဝယ် ထား သ ဖြင့် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ဦး တိုက် ခြင်း၊ Judson Bible အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ |
ထာဝရဘုရားက “သူ၏ခေါင်းဆောင်သည် သူ့အမျိုးထဲမှဖြစ်လိမ့်မည်။ သူ့ကိုအုပ်စိုးသောသူသည် သူ့အမျိုးထဲမှပေါ်ထွန်းလိမ့်မည်။ သူ့ကို ငါခေါ်၍ သူသည် ငါ့ထံချဉ်းကပ်လိမ့်မည်။ အဘယ်သူသည် ကိုယ့်အလိုအလျောက် ငါ့ထံချဉ်းကပ်ဝံ့သနည်း။
ယဇ်ပုရောဟိတ်သည် သိုးသငယ်အထီးတစ်ကောင်ကိုယူ၍ အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ဆီတစ်လောဃနှင့်အတူ ပူဇော်ပြီး ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။
ထို့နောက် မောရှေသည် ထိုအရာတို့ကို သူတို့၏လက်ထဲမှယူ၍ ယဇ်ပလ္လင်ပေါ်ရှိ မီးရှို့ရာယဇ်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သော အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်ဖြစ်၏။
ထာဝရဝိညာဉ်တော်အားဖြင့် အပြစ်အနာအဆာကင်းသော မိမိကိုယ်ကို ဘုရားသခင်ထံပူဇော်ခဲ့သည့် ခရစ်တော်၏သွေးတော်သည် အသက်ရှင်သောဘုရားသခင်ကို ငါတို့ဝတ်ပြုမည့်အကြောင်း သေခြင်းနှင့်ဆိုင်သောအကျင့်များမှ ငါတို့၏အသိစိတ်ကို မည်မျှပို၍စင်ကြယ်စေလိမ့်မည်နည်း။