ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
ဝတ်ပြု 8:26 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ တဆေးမဲ့မုန့်ဝိုင်းတစ်ခု၊ ဆီရောသောမုန့်ကွင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခု စသည်တို့ကိုယူ၍ အဆီနှင့်ယာဘက်ပေါင်ပေါ်၌ တင်၏။ Common Language Bible ထို့နောက်သူသည်ထာဝရဘုရားအားဆက် ကပ်ထားသောတဆေးမဲ့မုန့်တောင်းထဲမှမုန့်၊ ဆီနှင့်လုပ်သောမုန့်၊ မုန့်ကြွပ်တို့ကိုတစ်ခု စီယူ၍သိုးအဆီနှင့်လက်ယာပေါင်အပေါ် တွင်တင်သည်။- Garrad Bible ထာ ဝ ရ ဘု ရား မျက် မှောက် တော် ရှိ တ ဆေး မဲ့ မုန့် ပါ သော တောင်း ထဲ မှ မုန့် လုံး၊ ဆီ မုန့် ပေါက်၊ မုန့် ချပ် တစ် ခု စီ ကို နုတ်၍ ဆီ ဥ နှင့် လက်ျာ ပေါင် ပေါ် တွင် တင် လျက်၊ Judson Bible ထာဝရဘုရားရှေ့တော်၌ထားသော တဆေးမဲ့မုန့်တောင်းထဲက တဆေးမဲ့မုန့်တစ်လုံး၊ ဆီနှင့်လုပ်သောမုန့်ပြားတစ်ပြား၊ မုန့်ကြွပ်တစ်ချပ်ကိုယူ၍၊ မုန့်များကို ဆီဥနှင့် လက်ယာပခုံးပေါ်မှာထည့်ပြီးလျှင်၊ |
ထာဝရဘုရားရှေ့တော်ရှိ တဆေးမဲ့မုန့်တောင်းထဲမှ မုန့်တစ်လုံး၊ ဆီရောသောမုန့်ဝိုင်းတစ်ခုနှင့် မုန့်ကြွပ်တစ်ခုကိုယူရမည်။
အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊
နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
အကြောင်းမူကား ဘုရားသခင်တစ်ဆူတည်းရှိတော်မူ၍ ဘုရားသခင်နှင့်လူတို့စပ်ကြားတွင် ကြားဝင်စေ့စပ်သူလည်း တစ်ပါးတည်းရှိတော်မူ၏။ ထိုအရှင်ကား လူဖြစ်သောခရစ်တော်ယေရှုပေတည်း။