မောရှေသည် အူနှင့်ခြေထောက်ကိုလည်း ရေဖြင့်ဆေးကြော၍ သိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့၏။ ဤသည်ကား ထာဝရဘုရားထံ မီးဖြင့်ပူဇော်သော မွှေးကြိုင်သောရနံ့ဖြစ်သည့်မီးရှို့ရာယဇ်ဖြစ်၏။
ဝမ်း တွင်း သား နှင့် ခြေ များ ကို ဆေး ကြော လျက် ပ လ္လင် တော် ပေါ် မှာ တစ် ပုံ လုံး မီး ဖြင့် ပူ ဇော် ခြင်း များ ကို ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပြု လေ၏။ ထို အ ရာ သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ရှို့ ရာ သ က္ကာ၊ ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ ဖြစ် သ တည်း။
ဝမ်းထဲ၌ရှိသောအရာနှင့် ခြေတို့ကိုဆေးကြော၍၊ သိုးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့လေ၏။ မွှေးကြိုင်ရာဖို့ မီးရှို့သောယဇ်ဖြစ်သတည်း။ မီးဖြင့် ထာဝရဘုရားအားပြုသော ပူဇော်သကာဖြစ်သတည်း။
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
အစိမ်းလိုက်ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ မစားရ။ ဦးခေါင်းနှင့်တကွ ခြေထောက်နှင့် အူတို့ကို မီးကင်ပြီးမှစားရမည်။
ထိုသိုးထီးတစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမွှေးကြိုင်သည့်ရနံ့ဖြစ်၏။
မောရှေသည် မိမိအား ထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း တစ်သဝေမတိမ်း ပြုလေ၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို ယူဆောင်လာ၍ မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ငှက်ကို အတောင်ပံမှ ဆွဲဖြဲရမည်။ နှစ်ပိုင်းမပြတ်စေရ။ ယဇ်ပုရောဟိတ်သည် ၎င်းကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်မှ မီးပေါ်တွင်ရှိသည့် ထင်းများပေါ်၌ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
သူသည် အူနှင့်ခြေထောက်ကို ရေဖြင့်ဆေးကြောရမည်။ ထို့နောက် ယဇ်ပုရောဟိတ်သည် ထိုအရာအားလုံးကို မီးရှို့ရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
ယဇ်ပုရောဟိတ်သည် ပူဇော်သက္ကာအမှတ်သညာကို ဘောဇဉ်ပူဇော်သက္ကာထဲမှယူ၍ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သော မွှေးကြိုင်သည့်ရနံ့ ဖြစ်၏။
မောရှေသည် အာရုန်၏သားတို့ကိုလည်း ခေါ်ဆောင်လာ၍ သူတို့အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ခေါင်းပေါင်းကိုလည်း ပေါင်းပေး၏။
ခေါင်းပေါ်၌ ခေါင်းပေါင်းကိုဆောင်းပေး၍ သန့်ရှင်းသောရွှေစင်ပြားသရဖူကို ခေါင်းပေါင်းရှေ့ဘက်ခြမ်း၌ တပ်ပေး၏။
ခရစ်တော်သည် ငါတို့ကိုချစ်တော်မူ၍ ငါတို့အတွက် မိမိကိုယ်ကို ပူဇော်သက္ကာနှင့်ယဇ်တည်းဟူသော မွှေးကြိုင်သည့်ရနံ့အဖြစ် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံတော်မူသည့်နည်းတူ ချစ်ခြင်းမေတ္တာ၌ အသက်ရှင်လျှောက်လှမ်းကြလော့။