ဝတ်ပြု 7:29 - မြန်မာ့စံမီသမ္မာကျမ်း “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ ထာဝရဘုရားအား မိတ်သဟာယယဇ်ကို ပူဇော်သောသူသည် မိမိ၏မိတ်သဟာယယဇ်ထဲမှ ပူဇော်သက္ကာကို ထာဝရဘုရားထံ ယူဆောင်လာရမည်။ Garrad Bible ထာ ဝ ရ ဘု ရား ထံ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ ဆက် ကပ် သူ သည် ထို သ က္ကာ အ နက် အ လှူ ဒါ န ကို ထာ ဝ ရ ဘု ရား ထံ တင် သွင်း စေ ဟု ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို လော့။ Judson Bible မိမိပူဇော်သောယဇ်အထဲက၊ ထာဝရဘုရားအား ဆက်ဖို့ရာဆောင်ခဲ့ရမည်။ |
လက်ဝါးကပ်တိုင်ပေါ်၌သွန်းသော သားတော်၏သွေးတော်အားဖြင့် ရန်ငြိမ်းစေ၍ ကောင်းကင်ဘုံ၌ရှိသောအရာများဖြစ်စေ၊ မြေကြီးပေါ်၌ရှိသောအရာများဖြစ်စေ ခပ်သိမ်းသောအရာတို့ကို သားတော်အားဖြင့် မိမိနှင့်ပြန်လည်သင့်မြတ်စေရန်လည်းကောင်း အလိုရှိတော်မူ၏။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။
လူတို့အတွက် ယဇ်ပုရောဟိတ်တို့ပြုပေးရသောထုံးစံရှိသည့်အတိုင်း တစ်စုံတစ်ယောက်သည် ယဇ်ပူဇော်သောအခါ အသားကိုပြုတ်နေစဉ်မှာပင် ယဇ်ပုရောဟိတ်၏ငယ်သားသည် သုံးခွခက်ရင်းကိုကိုင်လျက်ရောက်လာပြီး