အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ဝတ်ပြု 7:20 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် မိမိကိုယ်ပေါ်၌ အညစ်အကြေးရှိလျက်နှင့် ထာဝရဘုရားအား ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ Common Language Bible မသန့်ရှင်းသူကထိုအသားကိုစားလျှင် ထာဝရဘုရား၏လူမျိုးတော်မှပယ် ထုတ်ခြင်းခံရမည်။- Judson Bible ထာဝရဘုရားနှင့်ဆိုင်သော မိတ်သဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သောအပြစ်ရှိလျက်နှင့် စားမိ၏။ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။ |
အရေဖျားမလှီးထားသောယောက်ျားတည်းဟူသော မိမိ၏ထိပ်ဖုံးအရေပြားအသား၌ အရေဖျားလှီးခြင်းကိုမခံထားသောသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ ထိုသူသည် ငါ၏ပဋိညာဉ်ကို ချိုးဖောက်လေပြီ”ဟု မိန့်တော်မူ၏။
ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သင်တို့သည် အသွေးကိုစားလျက်၊ ရုပ်တုကိုမျှော်ကြည့်လျက်၊ အသက်ကိုသတ်လျက်နှင့်ပင် ထိုပြည်ကို ပိုင်ဆိုင်လိုသေးသလော။
အကယ်စင်စစ် ထိုစက်ဆုပ်ရွံရှာဖွယ်များထဲမှတစ်စုံတစ်ရာကို ပြုကျင့်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
စားမိသောသူသည် ထာဝရဘုရား၏သန့်ရှင်းသောယဇ်ကို ညစ်ညူးစေသည်ဖြစ်၍ ကိုယ့်အပြစ် ကိုယ်ခံရမည်။ ထိုသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
ထိုနေ့၌ မိမိ၏စိတ်ဆန္ဒကိုမငြင်းပယ်သောသူမည်သူမဆို မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
တစ်စုံတစ်ဦးသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောတိရစ္ဆာန်၏အဆီကိုစားလျှင် စားသောသူသည် မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
သွေးတစ်မျိုးမျိုးကိုစားသောသူမှန်သမျှ မိမိလူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
လူသေအလောင်းကို ထိမိပြီး မိမိကိုယ်မိမိ မသန့်စင်စေသောသူမည်သူမဆို ထာဝရဘုရား၏ကိန်းဝပ်တော်မူရာတဲတော်ကို ညစ်ညူးစေရာရောက်၏။ သူသည် အစ္စရေးလူမျိုးထဲမှ ပယ်ဖျက်ခြင်းကို ခံရမည်။ သူသည် စင်ကြယ်စေခြင်းရေဖျန်းခြင်းကို မခံသောကြောင့် မစင်မကြယ်ဖြစ်၏။ အညစ်အကြေးသည် သူ၌ရှိနေဆဲဖြစ်၏။
ထို့ကြောင့် လူတိုင်း ကိုယ့်ကိုယ်ကိုယ်စစ်ဆေးပြီးမှ မုန့်ကိုစားစေ။ ထိုနည်းတူ ခွက်ကိုလည်းသောက်စေ။
ထိုနေ့တွင် ရှောလုမင်းကြီးက “ဒါဝိဒ်သည် တစ်စုံတစ်ရာကြောင့် မစင်မကြယ်ဖြစ်၍ဖြစ်မည်။ စင်စစ် သူမစင်မကြယ်ဖြစ်၍ မလာခြင်းဖြစ်မည်”ဟု တွေး၍ မည်သို့မျှမပြောပေ။