ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
ဝတ်ပြု 6:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုယဇ်၏အသားကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။ ယဇ်ကောင်၏သွေးသည် အဝတ်ကိုစဉ်လျှင် သွေးစဉ်ထားသောအဝတ်ကို သန့်ရှင်းသောနေရာ၌ လျှော်ရမည်။ Common Language Bible တစ်စုံတစ်ယောက်ကထိုယဇ်ကောင်၏အသား ကိုထိကိုင်မိလျှင် ထိုအသား၏သန့်ရှင်းမြင့် မြတ်မှုကြောင့်ဘေးသင့်လိမ့်မည်။ အဝတ်အထည် တွင်ယဇ်ကောင်၏အသွေးစွန်းလျှင် ထိုအစွန်း ကွက်ကိုသန့်ရှင်းရာဌာနတွင်ဆေးကြောရ မည်။- Garrad Bible ဆိုင် ရာ အ သား ကို ထိ မိ သ မျှ သော သူ တို့ သည် သီး သန့် ရာ ရောက် မည့် ပြင်၊ အ ကြင် အ ဝတ် ကို အ သွေး စွန်း မိ လျှင် ထို အ ဝတ် ကို သီး သန့် ရာ အ ရပ် တွင် ဖွပ် လျှော် ရ မည်။ Judson Bible ထိုအသားကိုထိသမျှသည် သန့်ရှင်း၏။ အသွေးဖျန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌လျှော်ရမည်။ |
ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ၎င်းကိုသန့်ရှင်းစေရမည်။ ထိုအခါ ယဇ်ပလ္လင်သည် အထူးသန့်ရှင်းခြင်းသို့ရောက်လိမ့်မည်။ ထိုယဇ်ပလ္လင်ကိုထိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
လူအများရှိရာအပြင်ဝင်းသို့ ထွက်သွားသောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်များကိုချွတ်၍ သန့်ရှင်းသောအခန်းထဲတွင် ထားခဲ့ရမည်။ သူတို့၏အဝတ်အားဖြင့် လူတို့ထံ သန့်ရှင်းခြင်းမကူးရအောင် အခြားအဝတ်ကို ဝတ်ရမည်။
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
၎င်းကို အာရုန်၏သားမြေးတို့တွင် ယောက်ျားတိုင်း စားခွင့်ရှိ၏။ ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်နှင့်ပတ်သက်၍ သင်တို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏။ ၎င်းတို့ကိုထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်”ဟု မိန့်တော်မူ၏။
မစင်ကြယ်သောအရာတစ်စုံတစ်ခုနှင့်ထိမိသောအသားကို မစားရ။ မီးရှို့ပစ်ရမည်။ သန့်ရှင်းသောအသားကို စင်ကြယ်သောသူတိုင်း စားခွင့်ရှိ၏။
“တစ်စုံတစ်ဦးက သန့်ရှင်းသောပူဇော်သက္ကာအသားကို အဝတ်နှင့် ထုတ်ယူလာ၍ ထိုထုတ်ယူလာသောအဝတ်သည် မုန့်၊ စွပ်ပြုတ်၊ စပျစ်ဝိုင်၊ ဆီ အစရှိသောစားစရာတစ်ခုခုနှင့် ထိမိလျှင် ထိုစားစရာသည် သန့်ရှင်းသွားပါမည်လော”ဟုမေးလျှင် ယဇ်ပုရောဟိတ်တို့က “မသန့်ရှင်းပါ”ဟု ဖြေကြ၏။
သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
ကြည့်ကြလော့။ ဘုရားသခင်၏အလိုတော်နှင့်ညီသော ဤဝမ်းနည်းခြင်းသည် သင်တို့အထဲတွင် မည်သို့သော ကြိုးစားအားထုတ်ခြင်း၊ ဖြေရှင်းချက်ပေးခြင်း၊ မခံမရပ်နိုင်ဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် တရားသဖြင့်စီရင်ခြင်းတို့ကို ဖြစ်ပေါ်စေခဲ့သနည်း။ သင်တို့သည် ဤအမှု၌အပြစ်ကင်းစင်ကြောင်း သင်တို့ကိုယ်တိုင် အရာရာ၌ထင်ရှားစေကြပြီ။