ဟ္ဂဲ 2:12 - မြန်မာ့စံမီသမ္မာကျမ်း12 “တစ်စုံတစ်ဦးက သန့်ရှင်းသောပူဇော်သက္ကာအသားကို အဝတ်နှင့် ထုတ်ယူလာ၍ ထိုထုတ်ယူလာသောအဝတ်သည် မုန့်၊ စွပ်ပြုတ်၊ စပျစ်ဝိုင်၊ ဆီ အစရှိသောစားစရာတစ်ခုခုနှင့် ထိမိလျှင် ထိုစားစရာသည် သန့်ရှင်းသွားပါမည်လော”ဟုမေးလျှင် ယဇ်ပုရောဟိတ်တို့က “မသန့်ရှင်းပါ”ဟု ဖြေကြ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူသည် သန့်ရှင်းသောအမဲသားကို မိမိအဝတ်နှင့် ထုတ်၍ ဆောင်ခဲ့လျက်၊ မုန့်၊ ဟင်း၊ စပျစ်ရည်၊ ဆီ အစရှိသော စားစရာတစ်စုံတစ်ခုကို ထိုအဝတ်နှင့်ထိလျှင်၊ ထိုစားစရာသည် သန့်ရှင်းလိမ့်မည်လောဟု မေးမြန်းသော်၊ ယဇ်ပုရောဟိတ်တို့က၊ ထိုစားစရာသည် မသန့်ရှင်းဟု ပြန်ပြောကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။