သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ဝတ်ပြု 27:26 - မြန်မာ့စံမီသမ္မာကျမ်း နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။ Common Language Bible နွားဦးပေါက်ဖြစ်စေ၊ သိုးဦးပေါက်ဖြစ်စေ၊ ဆိတ်ဦးပေါက်ဖြစ်စေ၊ ထာဝရဘုရားနှင့် သာဆိုင်သောကြောင့် မည်သူမျှယင်းတို့ကို စေတနာအလျောက်ပူဇော်သကာအဖြစ် ထာဝရဘုရားအားမဆက်သရ။- Garrad Bible ထာ ဝ ရ ဘု ရား အ ဖို့ အ ဦး ကျ တိ ရ စ္ဆာန် သား ဦး များ ကို မည် သူ မျှ သီး သန့် မ ထား ရ။ နွား၊ သိုး၊ ဆိတ် ဖြစ် လျှင် ထာ ဝ ရ ဘု ရား ပိုင် တော် မူ ပြီး ဖြစ်၏။ Judson Bible ထာဝရဘုရားပိုင်ထိုက်သော တိရစ္ဆာန်သားဦးကို၊ အဘယ်သူမျှ မသန့်ရှင်းစေရ။ နွားဖြစ်စေ၊ သိုးဆိတ်ဖြစ်စေ၊ ထာဝရဘုရားဥစ္စာဖြစ်၏။ |
သူတို့သည် မှောင်ရီပျိုးစအချိန်တွင် ထ၍ဆီးရီးယားတပ်စခန်းသို့ သွားကြ၏။ သူတို့သည် ဆီးရီးယားတပ်စခန်းအစွန်နားရောက်သောအခါ လူတစ်ယောက်မျှမရှိသည်ကို တွေ့ရလေ၏။
ပညတ်တရားကျမ်းတွင် ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏သားဦးများနှင့် တိရစ္ဆာန်သားဦးများ၊ သိုးအုပ်နွားအုပ်ထဲမှ အဦးဆုံးမွေးသောအကောင်တို့ကို ဘုရားသခင်၏အိမ်တော်၌အမှုတော်ဆောင်ရွက်သောသူများဖြစ်သည့် ယဇ်ပုရောဟိတ်တို့ရှိရာ ဘုရားသခင်၏အိမ်တော်သို့ ယူဆောင်လာပါမည်။
“အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
နွားသားပေါက်၊ သိုးသားပေါက်တို့ကိုလည်း မိခင်နှင့်အတူ ခုနစ်ရက်ပတ်လုံးနေစေ၍ ရှစ်ရက်မြောက်သောနေ့၌ ငါ့အားဆက်ကပ်ရမည်။
မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။
သို့သော် နွားသားဦး၊ ဆိတ်သားဦး၊ သိုးသားဦးတို့သည် သန့်ရှင်းသည်ဖြစ်၍ မရွေးနုတ်ရ။ ထိုအကောင်တို့၏သွေးကို ယဇ်ပလ္လင်၌ ဖျန်းရမည်။ အဆီကိုမူ ထာဝရဘုရားထံ မွှေးကြိုင်သောရနံ့အဖြစ် မီးရှို့ပူဇော်ရမည်။
အကြောင်းမူကား သားဦးရှိသမျှတို့ကို ငါပိုင်၏။ အီဂျစ်ပြည်၌ သားဦးအပေါင်းတို့ကို ငါဒဏ်ခတ်သောနေ့တွင် ငါသည် အစ္စရေးလူမျိုးတို့ထဲမှ လူမှစ၍ တိရစ္ဆာန်၏သားဦးရှိသမျှတို့ကို ငါ့အဖို့ သန့်ရှင်းစေခဲ့သောကြောင့် သူတို့သည် ငါ့အပိုင်ဖြစ်၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သင်၏နွား၊ သင်၏သိုးတို့မှမွေးသော သားဦးအထီးရှိသမျှကို သင်၏ဘုရားသခင်ထာဝရဘုရားအဖို့ သန့်ရှင်းစေရမည်။ နွားသားဦးကို မခိုင်းရ။ သိုးသားဦးကို အမွေးမညှပ်ရ။