မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင်
တစ်စုံတစ်ယောက်သောသူသည် မိမိယူထား သောလယ်မြေကိုထာဝရဘုရားအားပူဇော် ဆက်သလျှင်၊-
ဘိုး ဘ ပိုင် မ ဟုတ်၊ ဝယ် သော လယ် ယာ ကို ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား လျှင်၊
လူသည်ကိုယ်ပိုင်ရင်းမဟုတ်၊ ဝယ်သောလယ်ယာကို ထာဝရဘုရားအဖို့ သန့်ရှင်းစေလျှင်၊
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
တစ်စုံတစ်ယောက်သည် မိမိ၏အိမ်ကို ထာဝရဘုရားထံ သန့်ရှင်းသောအရာအဖြစ် ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။
မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။
သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ယဇ်ပုရောဟိတ်သည် မင်္ဂလာရတုနှစ်အထိ သူ့ကို တွက်ပေးရမည်။ သူသည် ထိုနေ့၌ပင် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာအဖြစ် သင်ဖြတ်ထားသောတန်ဖိုးကို ပေးရမည်။