သင်တို့သည် ကြာရှည်စွာသိုထားသောသီးနှံအဟောင်းကို စားရလိမ့်မည်။ သီးနှံအသစ်ပေါ်သောအခါ အဟောင်းကိုထုတ်ပစ်ရလိမ့်မည်။
သင်တို့၏သီးနှံအထွက်တိုးသဖြင့် တစ်နှစ် စာအတွက်ဖူလုံရုံမျှမကသင်တို့သည် စပါးသစ်ကိုသိုလှောင်နိုင်ရန်လက်ကျန် စပါးဟောင်းကိုပင်စွန့်ပစ်ရလိမ့်မည်။-
သင် တို့ သည် သို ထား ပြီး စ ပါး ဟောင်း ကို စား လျက် မ ကုန် မီ အ သစ် ပေါ်၍ အ ဟောင်း ကို ထုတ် ရ ကြ လိမ့် မည်။
သိုထားသော စပါးဟောင်းကိုစား၍မကုန်မီ၊ စပါးသစ်ပေါ်သောကြောင့်၊ အဟောင်းကိုထုတ်ရကြမည်။
သင့်အတွက် နိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။ ယခုနှစ်တွင် အလေ့ကျပေါက်သောသီးနှံများကို စားရမည်။ ဒုတိယနှစ်တွင် ထိုသီးနှံတို့မှပြန်ပေါက်သောသီးနှံများကို စားရမည်။ တတိယနှစ်တွင်မူ မျိုးကြဲကြလော့၊ ရိတ်သိမ်းကြလော့၊ စပျစ်ပင်ကိုစိုက်ကြလော့၊ စပျစ်သီးကိုစားကြလော့။
ကောက်နယ်တလင်းတို့သည် ကောက်ပဲသီးနှံနှင့် ပြည့်လိမ့်မည်။ စည်တို့သည်လည်း စပျစ်ဝိုင်အသစ်နှင့် ဆီတို့ဖြင့် ပြည့်လိမ့်မည်။
သင်တို့သည် အဋ္ဌမနှစ်မျိုးကြဲချိန်၌ သီးနှံအဟောင်းကို စားကြရမည်။ အသီးအနှံထွက်သည့်နဝမနှစ်တိုင်အောင် အဟောင်းကိုစားကြရမည်။
‘ငါ၏အသီးအနှံများကိုသိုထားရန် နေရာမရှိ။ ငါသည် မည်သို့ပြုရမည်နည်း’ဟု မိမိစိတ်ထဲ၌တွေးတောဆင်ခြင်လေ၏။
ပသခါပွဲတော်ကျင်းပပြီးနောက်တစ်နေ့တွင် ထိုပြည်ထွက်တဆေးမဲ့မုန့်နှင့် မုန့်ဆန်းကို ထိုနေ့ချင်းတွင် စားကြ၏။