ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရက်စက်ကြမ်းတမ်းစွာ စေခိုင်းကြ၏။
ဝတ်ပြု 25:46 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ထိုသူတို့ကို နောင်လာမည့်သင်တို့၏သားမြေးတို့ ပိုင်ဆိုင်သောအမွေအဖြစ် ချန်ထားခဲ့နိုင်၏။ ထိုသူတို့ကို တစ်သက်လုံးကျွန်ပြုခွင့်ရှိ၏။ သို့သော် သင်တို့၏အမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့သည် အချင်းချင်းတစ်ဦးအပေါ်တစ်ဦး ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။ Common Language Bible သင်တို့၏သားသမီးများသည်သူတို့ကို အမွေအဖြစ်ဆက်ခံနိုင်သည်။ သူတို့သည် သင်တို့သားများ၏အစေကိုတစ်သက်လုံး ခံစေရမည်။ သို့ရာတွင်ဣသရေလအမျိုး သားချင်းတို့ကိုမူကားထောက်ထားညှာတာ ရမည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား ဖြစ် သော ညီ အစ် ကို ချင်း ကို ကား အ ကြပ် အ တည်း မ အုပ် ချုပ် ရ။ Judson Bible သူတို့သည် ကျွန်သားပေါက်ဖြစ်၍၊ သင်တို့နှင့် သင်တို့သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ်အမျိုးသားချင်းတည်းဟူသော ဣသရေလအမျိုးသားဖြစ်လျှင်၊ တစ်ယောက်ကိုတစ်ယောက် ကြမ်းတမ်းစွာမစီရင်ရ။ |
ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရက်စက်ကြမ်းတမ်းစွာ စေခိုင်းကြ၏။
လူမျိုးခြားတို့သည် သူတို့ကိုခေါ်၍ သူတို့၏နေရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် ထိုလူမျိုးခြားတို့ကို ထာဝရဘုရား၏ပြည်တော်၌ ကျွန်ယောက်ျားနှင့်ကျွန်မိန်းမများအဖြစ် ပိုင်ဆိုင်ကြလိမ့်မည်။ အစ္စရေးလူမျိုးတို့သည် သူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့သောသူတို့အား ပြန်၍ဖမ်းဆီးခေါ်ဆောင်လာကြလိမ့်မည်။ သူတို့ကိုညှဉ်းဆဲခဲ့သောသူတို့အား အုပ်စိုးကြလိမ့်မည်။
သူ့အပေါ် ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။
ထို့ပြင် သင်တို့ထံ၌ တည်းခိုနေထိုင်သောဧည့်သည်တို့၏သားသမီးများထဲမှလည်းကောင်း၊ သင်တို့ပြည်၌မွေးဖွား၍ သင်တို့နှင့်အတူနေထိုင်သည့် သူတို့၏မျိုးနွယ်စုထဲမှလည်းကောင်း သင်တို့ဝယ်ယူခွင့်ရှိ၏။ ထိုသူတို့သည် သင်တို့၏အပိုင်ဖြစ်ရမည်။
အကယ်၍ သင်နှင့်အတူနေထိုင်သည့် တိုင်းတစ်ပါးသားဧည့်သည်သည် ကြီးပွား၍ သူနှင့်အတူနေထိုင်သည့် သင်၏အမျိုးသားချင်းသည် ဆင်းရဲသွားသဖြင့် သူသည် သင်နှင့်အတူနေထိုင်သည့်တိုင်းတစ်ပါးသားဧည့်သည်ထံ၌ဖြစ်စေ၊ တိုင်းတစ်ပါးသား၏မျိုးနွယ်စုဝင်ထံ၌ဖြစ်စေ သူ့ကိုယ်သူရောင်းလျှင်