အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဝတ်ပြု 25:4 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမနှစ်သည် မြေကြီး ငြိမ်ဝပ်စွာနေရသောဥပုသ်နှစ်၊ ထာဝရဘုရား၏ဥပုသ်နှစ်ဖြစ်၏။ သင်၏လယ်ယာ၌ မျိုးမကြဲရ။ သင်၏စပျစ်ခြံကိုလည်း ရှင်းလင်းပြုစုခြင်းမပြုရ။ Common Language Bible သို့ရာတွင်သတ္တမနှစ်သည်ထာဝရဘုရား အားဆက်ကပ်ထားသောနှစ်ဖြစ်၍ ထိုနှစ်တွင် မြေကိုလုံးဝမထွန်ယက်ဘဲချန်လှန်ထား ရမည်။ လယ်များတွင်မစိုက်မပျိုးရ။ စပျစ် ကိုင်းများကိုသုတ်သင်ရှင်းလင်းခြင်းမ ပြုရ။- Garrad Bible သ တ္တ မ နှစ် မျိုး ကြဲ ခြင်း၊ သုတ် သင် ခြင်း မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား ရှေ့ မြေ ကို နား နေ ရာ ဥ ပုသ် စောင့် စေ ရ မည်။ Judson Bible သတ္တမနှစ်သည်၊ ထာဝရဘုရားအဖို့ဥပုသ်နှစ်၊ တစ်ပြည်လုံးငြိမ်ဝပ်စွာနေ၍ ဥပုသ်စောင့်ရသောနှစ်ဖြစ်၏။ လယ်မလုပ်ရ၊ စပျစ်ဥယျာဉ်ကို မသုတ်သင်ရ၊ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
အလေ့ကျပေါက်သောအပင်မှသီးနှံကို မရိတ်သိမ်းရ။ မပြုစုထားသောစပျစ်ပင်မှစပျစ်သီးကိုလည်း မဆွတ်ခူးရ။ ထိုနှစ်သည် မြေအဖို့ ငြိမ်ဝပ်စွာနေရသောနှစ်ဖြစ်ရမည်။
သို့သော် သူတို့သည် ငါ၏စီရင်ထုံးဖွဲ့ချက်များကို စွန့်ပယ်၍ ငါ၏ပြဋ္ဌာန်းချက်များကို ရွံရှာခဲ့သောကြောင့် သူတို့ကြောင့် စွန့်ပစ်ထားခြင်းခံရ၍ လူသူကင်းမဲ့သူတို့၏ပြည်သည် ဥပုသ်နေ့၌ မွေ့လျော်လိမ့်မည်။ သူတို့မူကား ကိုယ့်အပြစ်အတွက် ပြန်ပေးဆပ်ရလိမ့်မည်။