အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဝတ်ပြု 25:2 - မြန်မာ့စံမီသမ္မာကျမ်း “သင်သည် အစ္စရေးအမျိုးသားတို့အား ‘သင်တို့အား ငါပေးသောပြည်သို့ သင်တို့ဝင်ရောက်သောအခါ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည့် အ ချက် ဟူ မူ ကား၊ ငါ ပေး သ နား သော ပြည် သို့ သင် တို့ ဝင် ရောက် ကြ ပြီး နောက်၊ မြေ ပင် ထာ ဝ ရ ဘု ရား ရှေ့ ဥ ပုသ် စောင့် ရ မည်။ Judson Bible သင်တို့သည် ငါပေးသောပြည်သို့ရောက်သောအခါ၊ ထိုပြည်သည် ထာဝရဘုရားအဖို့ ဥပုသ်စောင့်ရမည်။ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ကောင်းကင်သည် ထာဝရဘုရား၏ကောင်းကင်ဖြစ်၏။ ကမ္ဘာမြေကြီးကိုကား လူသားတို့အား ပေးတော်မူ၏။
ယုဒပြည်ထဲသို့ဖြတ်သန်းစီးဝင်၍ လည်ပင်းတိုင်အောင် လွှမ်းမိုးသွားမည်။ မိမိ၏တောင်ပံများကိုဖြန့်၍ သင့်ပြည်တစ်ပြည်လုံးသို့ ရောက်လိမ့်မည်၊ အို ဧမာနွေလ”ဟု မိန့်တော်မူ၏။
‘ကြီးမားသောတန်ခိုးနှင့် လက်ရုံးတော်ကိုဆန့်လျက် ကမ္ဘာမြေကြီးနှင့် မြေမျက်နှာပြင်ပေါ်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖန်ဆင်းခဲ့သူမှာ ငါပင်ဖြစ်၍ ငါပေးလိုသောသူအား ငါပေးပြီ။
“သင်တို့အား ပိုင်ဆိုင်ရာအဖြစ် ငါပေးသောခါနာန်ပြည်ထဲသို့ သင်တို့ဝင်ရောက်၍ သင်တို့ပိုင်ဆိုင်ရာပြည်ရှိအိမ်၌ မှိုစွဲနာကို ငါဖြစ်ပွားစေသောအခါ
ထိုနေ့သည် သင်တို့ ငြိမ်ဝပ်စွာနေရသောဥပုသ်နေ့ဖြစ်၍ သင်တို့သည် မိမိတို့၏စိတ်ဆန္ဒကိုငြင်းပယ်ရမည်။ ဤလကိုးရက်နေ့ နေဝင်ချိန်မှ နောက်တစ်နေ့ နေဝင်ချိန်အထိ ဥပုသ်နေ့ကို သင်တို့စောင့်ထိန်းရမည်”ဟု မိန့်တော်မူ၏။
ခြောက်နှစ်ပတ်လုံး သင်၏လယ်ယာ၌ မျိုးကြဲရမည်။ ခြောက်နှစ်ပတ်လုံး သင်၏စပျစ်ခြံကို ရှင်းလင်းပြုစုရမည်။ ပြီးမှ အသီးအနှံကိုစုသိမ်းရမည်။
“ဂျေရိခေါမြို့တစ်ဖက်၊ မောဘပြည်အာဗရိမ်တောင်တန်းရှိ နေဗောတောင်သို့ တက်သွား၍ အစ္စရေးအမျိုးသားတို့အား ငါအပိုင်ပေးသော ခါနာန်ပြည်ကို ကြည့်ရှုလော့။
အမြင့်ဆုံးသောအရှင်သည် လူတို့ကို အမွေခွဲဝေပေးသောအခါ၊ လူသားတို့ကို နေရာပိုင်းခြားသောအခါ အစ္စရေးအမျိုးသားတို့၏အရေအတွက်အတိုင်း နယ်နိမိတ်များကို သတ်မှတ်ပေးတော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့အား ကျိန်ဆိုသည်နှင့်အညီ ဤပြည်ကား ‘သင်၏သားစဉ်မြေးဆက်တို့အား ငါပေးမည်’ဟု ကတိထားသောပြည်ဖြစ်၏။ သင့်မျက်စိဖြင့်တွေ့မြင်ခွင့်ကို ငါပေးသော်လည်း သင်သည် ထိုပြည်သို့ကူးသွားရမည်မဟုတ်”ဟု မိန့်တော်မူ၏။