ထိုသို့ အစုလိုက် စုပုံထားသောအလှူပစ္စည်းများကို တတိယလတွင် စတင်စုသိမ်းရာ သတ္တမလရောက်မှ ပြီးစီးလေ၏။
ဝတ်ပြု 23:16 - မြန်မာ့စံမီသမ္မာကျမ်း သတ္တမမြောက်ဥပုသ်နေ့၏နောက်တစ်နေ့အထိ ရက်ပေါင်းငါးဆယ်ရေတွက်၍ သီးနှံအသစ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်ရမည်။ Common Language Bible သတ္တမဥပုသ်နေ့လွန်သည့်နောက်တစ်နေ့ဖြစ် သောငါးဆယ်မြောက်နေ့၌ ထာဝရဘုရား အားကောက်သစ်ကိုတစ်ဖန်ဆက်သလော့။- Judson Bible သတ္တမဥပုသ်နေ့အလွန်နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာအသစ်ကို ဆက်ရကြမည်။ |
ထိုသို့ အစုလိုက် စုပုံထားသောအလှူပစ္စည်းများကို တတိယလတွင် စတင်စုသိမ်းရာ သတ္တမလရောက်မှ ပြီးစီးလေ၏။
သင်တို့နေအိမ်မှ မုန့်နှစ်လုံးကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ယူဆောင်လာရမည်။ ထိုမုန့်တို့သည် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံကို တဆေးဖြင့်ဖုတ်ထားသောမုန့်ဖြစ်ရမည်။ ဤသည်ကား ထာဝရဘုရားအဖို့ အဦးဆုံးသီးနှံအလှူဖြစ်၏။
ခုနစ်သီတင်းမြောက်ပွဲတော်တွင် အဦးဆုံးသီးနှံပူဇော်သောနေ့၌ ထာဝရဘုရားအဖို့ သီးနှံအသစ်ပူဇော်သက္ကာကို ပူဇော်သောအခါ သင်တို့သည် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းကို ပြုရမည်။ မည်သည့်အလုပ်ကိုမျှမလုပ်ရ။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။