“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ဝတ်ပြု 22:33 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့၏ဘုရားဖြစ်ရန်အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့၏။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏ဘုရားဖြစ်ခြင်းငှာသင် တို့အားအီဂျစ်ပြည်မှထုတ်ဆောင်ခဲ့၏။ ငါ သည်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။ |
“ငါသည် သင့်ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါသည် သင်တို့ကို ငါ၏လူမျိုးတော်အဖြစ်သိမ်းယူမည်။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ ငါသည် အီဂျစ်လူမျိုးတို့၏ထမ်းပိုးအောက်မှ သင်တို့ကိုဆွဲထုတ်တော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိမြင်ကြလိမ့်မည်။
ငါသည် သင်တို့၏ဘုရားဖြစ်မည့်အကြောင်း သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်။
မှန်သောချိန်ခွင်၊ မှန်သောအလေး၊ မှန်သောဧဖာ၊ မှန်သောဟိန်ကို သုံးရမည်။ ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
အစ္စရေးအမျိုးသားတို့အလယ်၌ ငါသည် သန့်ရှင်းသောအရှင်ဖြစ်မည့်အကြောင်း သင်တို့သည် ငါ၏သန့်ရှင်းသောနာမကို မရှုတ်ချရ။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
ငါသည် သင်တို့အား ခါနာန်ပြည်ကိုပေး၍ သင်တို့၏ဘုရားဖြစ်ဖို့အတွက် အီဂျစ်ပြည်မှ သင်တို့ကိုထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ငါသည် သင်တို့၏ဘုရားဖြစ်ဖို့အတွက် သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သော သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။