ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။
ဝတ်ပြု 21:20 - မြန်မာ့စံမီသမ္မာကျမ်း ကျောဘုသူ၊ အရပ်ပုသူ၊ မျက်လုံးပုံပျက်သူ၊ နှင်းခူပေါက်သူ၊ ယားနာပေါက်သူ၊ ဝှေးစေ့ပျက်သူစသည့် ကိုယ်အင်္ဂါချို့ယွင်းသောသူသည် မချဉ်းကပ်ရ။ Garrad Bible ခါး ကုန်း သူ၊ ပိန် ကြုံ သူ၊ မျက် စိ မ စုံ သူ၊ ယား နာ ဒက် နာ ရှိ သူ သင်း ကွပ် ပြီး သူ တို့ တည်း။ Judson Bible ကျောကုန်းသောသူ၊ ပုသောသူ၊ မျက်စိနာသောသူ၊ ဝဲစွဲသောသူ၊ ယားနာစွဲသောသူ၊ ဝှေးစေ့ပျက်သောသူသည် မချဉ်းမကပ်ရ။ |
ထာဝရဘုရား၌ မှီဝဲဆည်းကပ်သောတိုင်းတစ်ပါးသားက “ထာဝရဘုရားသည် ငါ့ကို မိမိလူမျိုးတော်နှင့် သီးခြားခွဲထားတော်မူလိမ့်မည်”ဟု မဆိုစေနှင့်။ မိန်းမစိုးကလည်း “ငါသည်ခြောက်သွေ့သောသစ်ပင်ဖြစ်၏”ဟု မဆိုစေနှင့်။
မျက်စိကန်းသောအကောင်၊ ဒဏ်ရာရသောအကောင်၊ အင်္ဂါချို့ယွင်းသောအကောင်၊ ပြည်တည်နာစွဲသောအကောင်၊ နှင်းခူစွဲသောအကောင်၊ ယားနာစွဲသောအကောင် တို့ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်တို့ကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပလ္လင်ပေါ် မတင်ရ။
ဝှေးစေ့ပွန်းပဲ့၊ ကြေမွ၊ ကွဲပြဲ၊ စုတ်ပြတ်သောအကောင်ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်ကို သင်တို့ပြည်တွင် မပူဇော်ရ။
ယောက်ျားအင်္ဂါပြတ်သွားသူ၊ သို့မဟုတ် ကြေမွသွားသူသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။
ဖောက်ပြန်ရာမှရသောကလေးသည် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။ သူ၏မျိုးဆက် ဆယ်ဆက်မြောက်တိုင်အောင် ထာဝရဘုရား၏လူအစုအဝေးထဲသို့ မဝင်ရ။