မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
ဝတ်ပြု 21:14 - မြန်မာ့စံမီသမ္မာကျမ်း မုဆိုးမ၊ ကွာရှင်းထားသောမိန်းမ၊ အသရေမရှိသောပြည့်တန်ဆာမတို့နှင့် မစုံဖက်ရ။ သူသည် မိမိလူမျိုးထဲမှ အပျိုကညာကိုသာ မယားအဖြစ် စုံဖက်ရမည်။ Common Language Bible မုဆိုးမ၊ လင်ကွာမိန်းမ၊ ပြည့်တန်ဆာမ တို့နှင့်ထိမ်းမြားစုံဖက်ခြင်းမပြုရ။ သူ သည်မိမိအမျိုးအနွယ်ထဲမှအပျိုစင် ကိုသာထိမ်းမြားစုံဖက်ရမည်။- Judson Bible မုဆိုးမ၊ လင်နှင့်ကွာသောမိန်းမ၊ သီလပျက်သောမိန်းမ၊ ပြည့်တန်ဆာမိန်းမနှင့် မစုံဖက်ရ။ မိမိအမျိုးသားချင်း အပျိုကညာနှင့်သာ စုံဖက်ရမည်။ |
မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
သူ၏သားသမီးတို့ကို ကိုယ့်လူမျိုးအလယ်၌ မရှုတ်ချရ။ အကြောင်းမူကား ငါသည် သူ့ကိုသန့်ရှင်းစေသောထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
ထိုမိန်းမသည် လင်ယောက်ျား၏အိမ်မှထွက်သွားပြီးနောက် အခြားယောက်ျားတစ်ယောက်ကိုယူ၍