မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
ဝတ်ပြု 21:13 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အပျိုစင်မိန်းမနှင့်သာ စုံဖက်ရမည်။ Common Language Bible သူသည်အပျိုစင်နှင့်ထိမ်းမြားစုံဖက်ရမည်။- Garrad Bible ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ ထို ပ ရော ဟိတ် မင်း သည် မ ယား ယူ သော် လင် သေ မိန်း မ၊ လင် ကွာ မိန်း မ၊ ရှုတ် ချ ခံ ရ သော မိန်း မ၊ ပြည် တန် ဆာ မိန်း မ တို့ ကို မ ယူ အပ်။ ကိုယ့် အ မျိုး သား ချင်း တို့ အ တွင်း အ မျိုး အ နွယ် ကို ရှုတ် ချ မ ခံ ရ စေ ရန် အ မျိုး သား ချင်း တို့ အ နက် အ ပျို က ညာ ကို သာ မ ယား အ ဖြစ် ယူ ရ မည်။ ငါ သည် ထို သူ့ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ပေ တည်း ဟူ ၍ ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။ Judson Bible ယဇ်ပုရောဟိတ်မင်းသည်၊ အပျိုကညာနှင့်သာ စုံဖက်ရမည်။ |
မုဆိုးမ၊ တစ်ခုလပ်တို့ကို မယားအဖြစ်မယူရ။ အစ္စရေးအမျိုးအနွယ်ထဲမှ အပျိုကညာများနှင့် သေသွားသောယဇ်ပုရောဟိတ်၏မယား မုဆိုးမကိုမူ မယားအဖြစ်ယူနိုင်၏။
ဘုရားသခင်၏ဆက်ကပ်ခြင်းဆိုင်ရာဘိသိက်ဆီသည် သူ့အပေါ်၌ရှိသည်ဖြစ်၍ သူသည် သန့်ရှင်းရာဌာနထဲမှ မထွက်ရ။ ဘုရားသခင်၏သန့်ရှင်းရာဌာနကို မညစ်ညူးစေရ။ ငါသည် ထာဝရဘုရားဖြစ်၏။
မုဆိုးမ၊ ကွာရှင်းထားသောမိန်းမ၊ အသရေမရှိသောပြည့်တန်ဆာမတို့နှင့် မစုံဖက်ရ။ သူသည် မိမိလူမျိုးထဲမှ အပျိုကညာကိုသာ မယားအဖြစ် စုံဖက်ရမည်။
သူတို့သည် သူတို့၏ဘုရားသခင်အဖို့ သန့်ရှင်းသောသူဖြစ်သောကြောင့် ပြည့်တန်ဆာလုပ်၍ အသရေမရှိသောမိန်းမကို မယူရ။ လင်ယောက်ျားနှင့်ကွာရှင်းထားသောမိန်းမကို မယူရ။
ဤသို့ဆိုရခြင်းမှာ ငါသည် ဘုရားသခင်၏သဝန်တိုစိတ်မျိုးဖြင့် သင်တို့ကို သဝန်တို၏။ အကြောင်းမူကား ငါသည် သင်တို့ကို ဖြူစင်သန့်ရှင်းသောအပျိုကညာအဖြစ် ခရစ်တော်အားဆက်သလျက် ထိုတစ်ဦးတည်းသောခင်ပွန်းနှင့်စေ့စပ်ကြောင်းလမ်းထားပြီဖြစ်၏။
ထိုသူတို့သည် မိန်းမများအားဖြင့် ညစ်ညူးစေခြင်းမခံခဲ့ရသောသူများဖြစ်ကြ၏။ အကြောင်းမူကား သူတို့သည် လူပျိုစစ်စစ်ဖြစ်ကြ၏။ သူတို့သည် သိုးသငယ်တော်သွားလေရာသို့လိုက်ပါသောသူများဖြစ်ကြပြီး ဘုရားသခင်နှင့်သိုးသငယ်တော်တို့အတွက် အသီးဦးအဖြစ် လူတို့အထဲမှ ရွေးနုတ်ဝယ်ယူခြင်းခံရသောသူများဖြစ်ကြ၏။