သူ့လူမျိုးတွင် သူသည် သားသမီးထွန်းကားမည်မဟုတ်။ သားမြေးအစဉ်အဆက်လည်း ရှိမည်မဟုတ်။ သူနေထိုင်ရာအရပ်တွင် အသက်ရှင်ကျန်ရစ်သူရှိတော့မည်မဟုတ်။
ဝတ်ပြု 20:20 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် ဘကြီး၊ သို့မဟုတ် ဘထွေး၏မယားနှင့်အိပ်ခြင်းဖြင့် ဘကြီး၊ သို့မဟုတ် ဘထွေးကိုရှုတ်ချလျှင် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။ သူတို့သည် သေသည်အထိ သားသမီးမထွန်းကားဘဲနေရလိမ့်မည်။ Common Language Bible တစ်စုံတစ်ယောက်သည်မိမိ၏ဘကြီး၊ ဘထွေး၏မယားနှင့်ကာမစပ်ယှက်လျှင်သူသည်ဘကြီး၊ ဘထွေး၏အသရေကိုဖျက်သောကြောင့်သူတို့သည်အပြစ်ဒဏ်ကိုခံရမည်။ နှစ်ဦးစလုံးသားသမီးများမရဘဲနေလိမ့်မည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် ဘ ကြီး ဘ ထွေး ကာ မ ပိုင် မ ယား ကို ဆက် ဆံ လျှင် နှစ် ဦး လုံး အ ပြစ် ဝန် ထမ်း ရ သည့် အ လျောက် သား သ မီး ကင်း လျက် သေ ကြ လိမ့် မည်။ Judson Bible အဘ၏ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ညီအစ်ကိုနှင့်သာ ဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တစ်သက်လုံး သားမရဘဲနေရလိမ့်မည်။ |
သူ့လူမျိုးတွင် သူသည် သားသမီးထွန်းကားမည်မဟုတ်။ သားမြေးအစဉ်အဆက်လည်း ရှိမည်မဟုတ်။ သူနေထိုင်ရာအရပ်တွင် အသက်ရှင်ကျန်ရစ်သူရှိတော့မည်မဟုတ်။
သူ၏နောင်လာနောက်သားသည် မျိုးပြတ်သွားပါစေ။ ထိုနောင်လာနောက်သားတို့၏နာမည်သည် နောက်မျိုးဆက်၌ပင်လျှင် ပယ်ဖျက်ခြင်းခံကြရပါစေ။
‘ဤလူကို သားသမီးမထွန်းကားသောသူ၊ တစ်သက်လုံး အောင်မြင်မှုမရသောသူ’ဟု မှတ်တမ်းတင်ကြလော့။ သူ၏အမျိုးအနွယ်တစ်စုံတစ်ယောက်မျှ ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်၌ စံမြန်းခွင့်၊ ယုဒပြည်ကို အုပ်စိုးခွင့် ရတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင့်ဖခင်၏အစ်ကို၊ သို့မဟုတ် ညီကို ရှုတ်ချခြင်းအမှုဖြစ်သည့် သူ၏မယားနှင့်ဆက်ဆံခြင်းအမှုကို မပြုရ။ သူသည် သင်၏အဒေါ်ဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချသောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
အဲလစ်ဇဘက်က “ထာဝရဘုရားသည် လူတို့အလယ်၌ ငါခံရသောကဲ့ရဲ့ရှုတ်ချခြင်းကိုဖယ်ရှားရန် ငါ့ကိုမျက်နှာသာပေးတော်မူသည့်နေ့ရက်များ၌ ဤသို့ပြုတော်မူပြီ”ဟု ဆိုလေ၏။
သို့သော် အဲလစ်ဇဘက်သည် အမြုံဖြစ်၍ သူတို့၌သားသမီးမရှိ။ သူတို့နှစ်ဦးစလုံးသည်လည်း အသက်ကြီးရင့်နေကြပြီဖြစ်၏။
အကြောင်းမူကား မြုံသောမိန်းမ၊ သန္ဓေမလွယ်ဖူးသောဝမ်းနှင့် သူငယ်မစို့ဖူးသောသားမြတ်တို့သည် မင်္ဂလာရှိ၏ဟုဆိုကြမည့်နေ့ရက်များရောက်လာလိမ့်မည်။