ဝတ်ပြု 20:15 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် တိရစ္ဆာန်နှင့်မေထုန်ပြုလျှင် သူသည် မုချအသတ်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။ Common Language Bible တစ်စုံတစ်ယောက်သည်တိရစ္ဆာန်နှင့်ကာမစပ်ယှက်လျှင် ထိုသူနှင့်တကွတိရစ္ဆာန်ကိုလည်းသေဒဏ်စီရင်ရမည်။- Garrad Bible ယောက်ျား ဖြစ် စေ၊ မိန်း မ ဖြစ် စေ၊ တိ ရ စ္ဆာန် နှင့် ဆက် ဆံ လျှင် မု ချ သေ ဒဏ် ခံ ကြ စေ။ တိ ရ စ္ဆာန် ကို လည်း သတ် စေ။ ချင်း တို့ အ သွေး သည် ချင်း တို့ အ ပေါ်၌ တည် ၏။ Judson Bible ယောက်ျားသည် တိရစ္ဆာန်နှင့်ပေါင်းဖော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။ |
တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
‘တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။