တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
ဝတ်ပြု 2:15 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းပေါ်တွင် ဆီထည့်၍ လော်ဗန်ကို တင်ထားရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာ ဖြစ်၏။ Common Language Bible ၎င်းတွင်သံလွင်ဆီနှင့်အမွှေးနံ့သာထည့်ရမည်။- Garrad Bible ဘော ဇဉ် သ က္ကာ ဖြစ် သည် နှင့် အ ညီ ဆီ လောင်း၍ လော ဗန် တင် ပြီး လျှင်၊ Judson Bible ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်၊ ပူဇော်သကာကိုပြုရမည်။ ဘောဇဉ်ပူဇော်သကာဖြစ်သတည်း။ |
တဆေးမဲ့မုန့်၊ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်တို့ကို အကောင်းဆုံးဂျုံမှုန့်ဖြင့်လုပ်ပြီးလျှင်
တစ်ဖန် ထာဝရဘုရားက မောရှေအား “သစ်စေး၊ ရှက်ဟေလစ်နှင့် ဂါလဗန်စေးစသော အမွှေးအကြိုင်များနှင့်အတူ သန့်စင်သောလော်ဗန်ကို ယူလော့။ ထိုအမွှေးအကြိုင်များနှင့် သန့်စင်သောလော်ဗန်သည် ဆတူဖြစ်ရမည်။
တစ်စုံတစ်ယောက်သည် ထာဝရဘုရားအား ဘောဇဉ်ပူဇော်သက္ကာကို ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ကို ပူဇော်ရမည်။ ဂျုံမှုန့်ပေါ်တွင် ဆီကိုလောင်း၍ လော်ဗန်ကို တင်ထားပြီးလျှင်
သင်သည် အဦးဆုံးသီးနှံ၏ဘောဇဉ်ပူဇော်သက္ကာကို ထာဝရဘုရားအား ပူဇော်လိုလျှင် အဦးဆုံးသီးနှံကို အနှံလိုက်မီးကင်၍ အစေ့ကိုကြိတ်ပြီး ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
ယဇ်ပုရောဟိတ်သည် လော်ဗန်ရှိသမျှနှင့်တကွ ကြိတ်ထားသောအစေ့နှင့်ဆီထဲမှ ပူဇော်သက္ကာအမှတ်သညာကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ရှို့ရမည်။
သူသည် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သည့်အပြစ်အတွက် အပြစ်ဖြေရာယဇ်အဖြစ် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို ယူဆောင်လာ၍ ပူဇော်ရမည်။ ဤသည်ကား အပြစ်ဖြေရာယဇ်ဖြစ်၍ ၎င်းအပေါ်၌ ဆီမထည့်ရ။ လော်ဗန်ကိုလည်း မတင်ရ။
ထာဝရဘုရားအား ပူဇော်သက္ကာကိုပူဇော်လိုသောသူသည် ဆီတစ်ဟိန်၏လေးပုံတစ်ပုံရောထားသော အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကိုလည်း ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။