လာလော့။ ငါတို့ဖခင်ကိုစပျစ်ဝိုင်တိုက်၍ သူနှင့်အိပ်ပြီး ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
ဝတ်ပြု 18:7 - မြန်မာ့စံမီသမ္မာကျမ်း သင့်ဖခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်အား ရှုတ်ချခြင်းအမှုကိုမပြုရ။ သင့်မိခင်ဖြစ်သူနှင့်ဆက်ဆံခြင်းကို မပြုရ။ Common Language Bible သင်၏မိခင်နှင့်ကာမစပ်ယှက်ခြင်းအား ဖြင့် ဖခင်ကိုအရှက်မခွဲရ။ သင်၏မိခင် အရင်းကိုအရှက်မခွဲရ။- Garrad Bible သင့် အ ဘ ကာ မ ပိုင် ဖြစ် သော သင့် အ မိ ကို မ ဆက် ဆံ ရ။ အ မိ ဖြစ် သော ကြောင့် မ ဆက် ဆံ အပ်။ Judson Bible သင်၏အဘနှင့်သာဆိုင်သော သင်၏အမိကို မချဉ်းရ။ ကိုယ်အမိဖြစ်သောကြောင့် သံဝါသမပြုရ။ |
လာလော့။ ငါတို့ဖခင်ကိုစပျစ်ဝိုင်တိုက်၍ သူနှင့်အိပ်ပြီး ငါတို့ဖခင်အားဖြင့် မျိုးဆက်ကိုထိန်းသိမ်းကြစို့”ဟု ဆိုလေ၏။
သင့်ထဲတွင် ဖခင်၏မယားနှင့် ဆက်ဆံသောသူရှိ၏။ သင့်ထဲတွင် ဓမ္မတာလာချိန်မစင်ကြယ်သောမိန်းမကို အဓမ္မပြုကျင့်သောသူရှိ၏။
သင်တို့သည် မိမိနှင့်ဆွေမျိုးနီးစပ်သူမည်သူ့ကိုမျှ ဆက်ဆံရန် မချဉ်းကပ်ရ။ ငါသည် ထာဝရဘုရားဖြစ်၏။
တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချသည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
တစ်စုံတစ်ယောက်သည် သမီးကိုရောအမေကိုပါ မယားအဖြစ်ယူလျှင် ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ သင်တို့ထဲ၌ ညစ်ညမ်းသောအမှုမရှိစေရန် ထိုသူနှင့်တကွ မိန်းမနှစ်ဦးစလုံးကို မီးရှို့ပစ်ရမည်။
‘မိမိဖခင်၏မယားနှင့်အိပ်ခြင်းဖြင့် မိမိဖခင်၏အိပ်ရာကိုရှုတ်ချသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။