ဝတ်ပြု 18:23 - မြန်မာ့စံမီသမ္မာကျမ်း တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုခြင်းဖြင့် ထိုတိရစ္ဆာန်နှင့် ညစ်ညူးမှုကို မပြုရ။ မိန်းမသည်လည်း တိရစ္ဆာန်နှင့် ဆက်ဆံခြင်းကို မပြုရ။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ Common Language Bible ယောကျာ်းဖြစ်စေမိန်းမဖြစ်စေ၊ တိရစ္ဆာန်နှင့်ကာမ စပ်ယှက်ခြင်းမပြုရ။ ထိုအကျင့်သည်ဋ္ဌမ္မတာ ကိုဆန့်ကျင်သဖြင့် ဘာသာတရားထုံးနည်း အရသင့်ကိုညစ်ညမ်းစေသည်။ Garrad Bible ယောက်ျား ဖြစ် စေ၊ မိန်း မ ဖြစ် စေ၊ တိ ရ စ္ဆာန် နှင့် ဆက် ဆံ၍ ကိုယ် ကို မ ညစ် ညူး စေ ရ။ ဓ မ္မ တာ တ ရား နှင့် ဆန့် ကျင့် ဘက် ဖြစ် သ တည်း။ Judson Bible ကိုယ်ကိုကိုယ်ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဖော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ပေါင်းဖော်ခြင်းကိုမခံရ။ ရွံရှာဖွယ်သော ရောနှောခြင်းဖြစ်၏။ |
တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
‘တိရစ္ဆာန်တစ်ကောင်ကောင်နှင့်မေထုန်ပြုသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။