ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
ဝတ်ပြု 18:18 - မြန်မာ့စံမီသမ္မာကျမ်း မယားအသက်ရှင်စဉ် သူ၏အစ်မ၊ သို့မဟုတ် နှမကို မယားပြိုင်အဖြစ်ယူ၍ ဆက်ဆံခြင်းကိုမပြုရ။ Common Language Bible သင်၏ဇနီးအသက်ရှင်နေသမျှကာလ ပတ်လုံး သင်၏ခယ်မကိုမယားငယ်အဖြစ် မသိမ်းပိုက်ရ။ Garrad Bible သင့် မ ယား အ သက် ရှင် သ မျှ ကာ လ ပတ် လုံး ခယ် မ ကို မ ယား ငယ် အ ဖြစ် မ သိမ်း ရ။ မ ဆက် ဆံ ရ။ Judson Bible ကိုယ်မယားကိုနှောင့်ယှက်ခြင်းငှာ သူအသက်ရှင်စဉ်တွင် သူ၏ညီအစ်မကို မသိမ်းရ။ |
ယာကုပ်သည်လည်း ထိုအတိုင်းပြု၏။ ထိုရက်သတ္တပတ်လွန်သောအခါ လာဗန်သည် မိမိသမီးရာခေလကို ယာကုပ်နှင့်ထိမ်းမြားပေးလေ၏။
လေအာက “သင်သည် ငါ့ယောက်ျားကို ယူသည်နှင့်ပင် မလုံလောက်ဘဲ ငါ့သားရခဲ့သောဒူးဒဲပင်တို့ကိုလည်း ယူလိုသေးသလော”ဟု ဆို၏။ ရာခေလကလည်း “သို့ဖြစ်လျှင် သင့်သားရခဲ့သောဒူးဒဲပင်တို့နှင့်လဲလှယ်သည့်အနေဖြင့် ယနေ့ညတွင် သင်သည် ယာကုပ်နှင့်အတူအိပ်နိုင်သည်”ဟု ဆို၏။
လာမက်သည် မိန်းမနှစ်ယောက်ကို မိမိမယားအဖြစ်ယူလေ၏။ တစ်ယောက်၏အမည်မှာ အာဒ ဖြစ်ပြီး နောက်တစ်ယောက်၏အမည်မှာ ဇိလ ဖြစ်၏။
ရွက်ထည်ငါးထည်ကို တစ်တွဲ၊ အခြားရွက်ထည်ငါးထည်ကို တစ်တွဲ တစ်ထည်နှင့်တစ်ထည် ဆက်ရမည်။
မယားပါသမီးနှင့် ဆက်ဆံခြင်းကိုမပြုရ။ သူ၏မြေးကို ဆက်ဆံခြင်းပြုရန် မယူရ။ သူတို့သည် ထိုမိန်းမနှင့်ဆွေမျိုးတော်စပ်သူဖြစ်၏။ ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။
သူတို့၌ ဝိညာဉ်တော်တစ်စိတ်တစ်ပိုင်းပါလျက် တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ဘုရားသခင်ကို ရိုသေကိုင်းရှိုင်းသောအမျိုးအနွယ်ကို အလိုရှိသည်ဖြစ်၍ တစ်သားတစ်ကိုယ်တည်း ဖြစ်စေတော်မူသည် မဟုတ်လော။ ထို့ကြောင့် ကိုယ့်စိတ်ကို ထိန်း၍ ငယ်စဉ်က ပေါင်းဖော်ခဲ့သောမယားကို သစ္စာမဖောက်နှင့်။