တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချသောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
ဝတ်ပြု 18:16 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အစ်ကို၊ သို့မဟုတ် ညီ၏မယားနှင့်ဆက်ဆံခြင်းကိုမပြုရ။ ထိုအမှုသည် သင်၏အစ်ကို၊ သို့မဟုတ် ညီကို ရှုတ်ချခြင်းဖြစ်၏။ Common Language Bible သင့်ညီအစ်ကို၏ဇနီးနှင့်သော်လည်းကောင်း ကာမယှက်စပ်ခြင်းမပြုရ။- Garrad Bible ညီ အစ် ကို၏ ကာ မ ပိုင် မ ယား ကို မ ဆက် ဆံ ရ။ Judson Bible ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏မယားကိုလည်းကောင်း မချဉ်းရ။ |
တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချသောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
“ဆရာ၊ လူတစ်ဦးသည် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် သူ၏ညီသည် အစ်ကို၏မယားကို ဆက်ခံထိမ်းမြားလျက် သူ့အစ်ကို၏မျိုးဆက်ကို ပေါက်ဖွားစေရမည်ဟု မောရှေညွှန်ကြားခဲ့ပါသည်။
“ဆရာ၊ တစ်စုံတစ်ဦး၏အစ်ကိုသည် သားသမီးမထွန်းကားဘဲသေဆုံး၍ မယားကိုထားခဲ့လျှင် ညီဖြစ်သူသည် မိမိအစ်ကို၏မျိုးဆက်ကိုပေါက်ပွားစေရန် ထိုမိန်းမကိုယူရမည်ဟု မောရှေက အကျွန်ုပ်တို့အတွက် စီရင်ရေးထားခဲ့ပါသည်။
ထိုသို့ဆိုသည့်အကြောင်းမှာ ဟေရုဒ်သည် မိမိအစ်ကို ဖိလိပ္ပု၏ဇနီး ဟေရောဒိကိစ္စကြောင့် သူကိုယ်တိုင်လူလွှတ်၍ ယောဟန်ကိုဖမ်းဆီးကာ ထောင်ထဲ၌ ချုပ်နှောင်ထား၏။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်သည် ထိုမိန်းမနှင့်ထိမ်းမြားစုံဖက်သဖြင့်
သို့ရာတွင် နယ်စားဟေရုဒ်သည် မိမိအစ်ကို၏ဇနီး ဟေရောဒိနှင့်ပတ်သက်၍လည်းကောင်း၊ မိမိကျူးလွန်ခဲ့သော မကောင်းမှုအလုံးစုံတို့နှင့်ပတ်သက်၍လည်းကောင်း ယောဟန်၏ဆိုဆုံးမခြင်းကိုခံရသောအခါ
အတူနေထိုင်သောညီအစ်ကိုတို့ထဲမှ တစ်ယောက်သည် သားမရှိဘဲ သေဆုံးခဲ့လျှင် သေဆုံးသူ၏မယားသည် အပြင်သူစိမ်းယောက်ျားနှင့် မစုံဖက်ရ။ သူ့ယောက်ျား၏ညီသည် သူ့ထံသို့ဝင်၍ သူနှင့်စုံဖက်ရမည်။ သူ့အပေါ်၌ မတ်တစ်ယောက်၏တာဝန်ကိုယူရမည်။