မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
ဝတ်ပြု 16:8 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။ Common Language Bible ကျောက်တုံးနှစ်တုံးကိုယူလျက်၊ ကျောက်တုံး တစ်တုံးကို``ထာဝရဘုရားအတွက်'' ဟူ၍ လည်းကောင်း၊ အခြားကျောက်တုံးကို``အဇာ ဇယ်အတွက်'' ဟူ၍လည်းကောင်းမှတ်သားပြီးနောက် ဆိတ် နှစ်ကောင်ကိုစာရေးတံချရမည်။- Garrad Bible ထာ ဝ ရ ဘု ရား အ ဖို့ တစ် မဲ၊ ကင်း ရှင်း မှု အ ဖို့ တစ် မဲ၊ ဆိတ် နှစ် ကောင် ပေါ် တွင် ချ ၍၊ Judson Bible အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဖို့ စာရေးတံတစ်တံ၊ လွတ်လပ်လဟာအဖို့တစ်တံ၊ စာရေးတံနှစ်တံချ၍၊ |
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
ဤကား အစ္စရေးအမျိုးအနွယ်တို့အား သင်တို့ခွဲဝေပေးရမည့် အမွေမြေဖြစ်၏။ ဤမြေသည် သူတို့အပိုင်မြေဖြစ်၏”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
အဇာဇယ်အဖို့ မဲကျသောဆိတ်သငယ်ကိုကား အပြစ်ဖြေလွှတ်ခြင်းအတွက်အသုံးပြု၍ အဇာဇယ်အဖို့ တောကန္တာရထဲသို့ လွှတ်ရန် ထာဝရဘုရားထံ အသက်ရှင်လျက် ဆက်သရမည်။
အဇာဇယ်အဖို့ ဆိတ်သငယ်ကို လွှတ်သောသူသည် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ ထို့နောက်မှ တပ်စခန်းထဲသို့ ပြန်ဝင်ရမည်။
ဆိတ်သငယ်နှစ်ကောင်ကိုလည်းယူ၍ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
အာရုန်သည် ထာဝရဘုရားအဖို့ မဲကျသောဆိတ်သငယ်ကို ယူဆောင်လာ၍ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ရမည်။
ထို့နောက် သူတို့က “မည်သူ့ကြောင့် ငါတို့အပေါ် ဤဘေးဆိုးကျရောက်သည်ကိုသိရှိနိုင်ရန် လာကြ၊ မဲချကြစို့”ဟု အချင်းချင်းပြောဆိုပြီး မဲချကြရာ ယောန၌မဲကျလေ၏။
ထိုပြည်ကို မဲချ၍ ခွဲဝေပေးရမည်။ သူတို့သည် ဘိုးဘေးတို့၏အမျိုးအနွယ်အမည်အလိုက် အမွေဆက်ခံရမည်။
သင်တို့၏မျိုးနွယ်စုအလိုက် ထိုပြည်ကို မဲချ၍ အမွေခွဲဝေပေးရမည်။ မျိုးနွယ်စုလူဦးရေ များလျှင်များသည့်အလျောက်၊ နည်းလျှင်နည်းသည့်အလျောက် အမွေမြေပေးရမည်။ မိမိအတွက် မဲကျသောနေရာသည် မိမိ၏အမွေဖြစ်ရမည်။ သင်တို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အမွေဆက်ခံကြရမည်။