ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။
ဝတ်ပြု 14:52 - မြန်မာ့စံမီသမ္မာကျမ်း ထိုအိမ်ကို ငှက်သွေး၊ စမ်းရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်တို့ဖြင့် သန့်စင်စေရမည်။ Common Language Bible ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။- Garrad Bible ငှက် အ သွေး၊ စမ်း ရေ၊ ငှက် ရှင်၊ သစ် က တိုး သား အ ရိုး၊ ဟုဿုပ် ညွန့်၊ အ နီ ချည် များ ဖြင့် သန့် စေ ခြင်း ကို ပြု ရာ၊ Judson Bible ထိုသို့ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကိုစင်ကြယ်စေပြီးမှ၊ |
ယဇ်ပုရောဟိတ်သည် စင်ကြယ်စေခြင်းခံမည့်သူအတွက် စင်ကြယ်သောငှက်အရှင်နှစ်ကောင်၊ သစ်ကတိုးသား၊ အနီရောင်ချည်နှင့် ဟုဿုပ်ညွန့်တို့ကို ယူဆောင်လာရမည်ဟု မိန့်မှာရမည်။
ထို့နောက် သစ်ကတိုးသား၊ ဟုဿုပ်ညွန့်၊ အနီရောင်ချည်၊ ငှက်အရှင်တို့ကိုယူ၍ သတ်ခဲ့သောငှက်၏သွေးနှင့် စမ်းရေရှိရာအိုးထဲသို့ ၎င်းတို့ကို နှစ်၍ ထိုအိမ်ကို ခုနစ်ကြိမ်ဖျန်းရမည်။
ငှက်အရှင်ကို မြို့ပြင်ရှိ ကွင်းပြင်သို့ လွှတ်လိုက်ရမည်။ ဤသို့ဖြင့် ထိုအိမ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြု၍ ထိုအိမ်သည် စင်ကြယ်လိမ့်မည်။