ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ဝတ်ပြု 14:46 - မြန်မာ့စံမီသမ္မာကျမ်း ထိုအိမ်ကိုပိတ်ထားသောကာလအတွင်း အိမ်ထဲသို့ဝင်သောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ Common Language Bible အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။- Garrad Bible ထို တိုက် ပိတ် ထား သ မျှ ကာ လ အ တွင်း ဝင် မိ သူ သည် ညဉ့် ဦး တိုင် မ သန့် လျက် နေ ရ မည်။ Judson Bible ထိုမှတစ်ပါး၊ ထိုအိမ်ကို ပိတ်ထားသည်ကာလပတ်လုံး၊ အထဲသို့ဝင်မိသောသူသည်၊ ညဉ့်ဦးတိုင်အောင်မစင်ကြယ်။ |
ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
တွားသွားသတ္တဝါရှိသမျှတို့တွင် ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဖြစ်၏။ ထိုအကောင်များသေသောအခါ အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များထဲမှ တစ်ကောင်ကောင်သေလျှင် ထိုအသေကောင်ကိုထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအိမ်ထဲ၌ အိပ်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုအိမ်ထဲ၌စားသောက်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။
ထိုသူထိုင်ခဲ့သည့်ဝတ္ထုပစ္စည်းတစ်ခုခုကို ထိမိသောသူတိုင်း နေဝင်ချိန်ထိ မစင်မကြယ်ဖြစ်၏။ ထိုဝတ္ထုပစ္စည်းများကို သယ်ဆောင်သွားသောသူသည် မိမိ၏အဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏။
အမျိုးသားချင်းဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ တစ်စုံတစ်ယောက်သည် အလိုလိုသေသောအကောင်၊ သို့မဟုတ် သားရဲကိုက်သတ်သောအကောင်ကိုစားမိလျှင် မိမိအဝတ်ကိုလျှော်၍ ရေချိုးရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
ထိုသို့သောအရာကို ထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုသူသည် ရေမချိုးလျှင် သန့်ရှင်းသောပူဇော်သက္ကာကို စားခွင့်မရှိ။