ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲရှိဆီအချို့ကို စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမပေါ်၌ သုတ်လိမ်းထားသော အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးပေါ်၌ ထပ်၍သုတ်လိမ်းရမည်။
တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
လက် ဝါး ရှိ ဆီ အ နက် သန့် စေ ခြင်း လို သော သူ၏ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၏ အ သွေး ရှိ ရာ တွင် သုတ် ခြင်း၊
မိမိလက်၌ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ယာနားပျဉ်း၌လည်းကောင်း၊ လက်ယာလက်မ၊ လက်ယာခြေမ၌လည်းကောင်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်းနှင့် သူ့သားတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ သူတို့၏ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်းပေးရမည်။ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် ဘယ်ဘက်လက်ဖဝါးထဲရှိဆီအချို့ကို မိမိ၏ယာဘက်လက်ချောင်းဖြင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်ဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် မိမိလက်ဖဝါးထဲမှ ကျန်သောဆီကို စင်ကြယ်စေခြင်းခံသောသူအတွက် ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သူ့ခေါင်းပေါ်၌ လိမ်းပေးရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။