တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
ဝတ်ပြု 13:6 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ထိုသူကို နောက်တစ်ဖန်ကြည့်ရှုစစ်ဆေးရမည်။ အနာသည် ပါးသွား၍ အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် ပွေးဝဲယားနာဖြစ်၏။ ထိုသူသည် မိမိ၏အဝတ်ကို လျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။ Common Language Bible တစ်ဖန်သတ္တမနေ့၌ထိုသူအားထပ်မံစစ်ဆေး ၍ အနာညိုးလျက်မပြန့်ပွားကြောင်းတွေ့ရလျှင် ရိုးရိုးအနာဖြစ်သဖြင့်ဘာသာရေးထုံးနည်း အရသန့်ရှင်းသည်ဟူ၍အဆုံးအဖြတ်ပေးရ မည်။ ထိုသူသည်မိမိအဝတ်များကိုလျှော်ဖွပ် ပြီးနောက် ဘာသာရေးထုံးနည်းအရသန့်ရှင်း စင်ကြယ်လာလိမ့်မည်။- Garrad Bible ခု နစ် ရက် မြောက် သော နေ့ တစ် ဖန် ရှု ကြည့် ပြန် ရာ အ ရေ ၌ အ မှတ် မ တိုး၊ မှေး မှိန် ကြောင်း တွေ့ လျှင် သန့် သည် ဟု ဖော် ပြ ရ မည်။ ပေါ် ထွက် နာ သာ ဖြစ် က အ ဝတ် ဖွပ် လျှော် ပြီး မှ သန့် လိမ့် မည်။ Judson Bible တစ်ဖန် သတ္တမနေ့၌ကြည့်ရှု၍ အနာသည် အရေ၌မတိုးပွား၊ ခပ်မည်းမည်းဖြစ်လျှင်၊ ထိုသူသည်စင်ကြယ်၏ဟု ယဇ်ပုရောဟိတ်စီရင်ရမည်။ ယားနာသက်သက် ဖြစ်၏။ မိမိအဝတ်ကိုလျှော်၍ စင်ကြယ်ရ၏။ |
တစ်စုံတစ်ယောက်ဖြစ်စေ၊ ကိုယ်တော်၏လူမျိုးတော်အစ္စရေးအပေါင်းတို့ဖြစ်စေ ကိုယ့်ဝေဒနာကိုယ်သိမှတ်လျက် ဤအိမ်တော်သို့မျက်နှာမူပြီး လက်ကိုဆန့်လျက် ဆုတောင်းအသနားခံလျှင်
ကောင်းကင်ဘုံမှနေ၍ သူတို့၏ဆုတောင်းအသနားခံသံကို နားညောင်းတော်မူပြီး သူတို့၏စစ်မှုကို စီရင်ပေးတော်မူပါ။
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
“ငါသည် ငါ၏စိတ်နှလုံးကို သန့်ရှင်းစင်ကြယ်စေပြီ၊ ငါသည် အပြစ်မှစင်ကြယ်ပြီ”ဟု မည်သူပြောဆိုနိုင်သနည်း။
အမှန်စင်စစ် အပြစ်မပြုဘဲ ကောင်းသောအမှုကိုသာပြုသည့်ဖြောင့်မတ်သောသူဟူ၍ ကမ္ဘာမြေကြီးပေါ်၌မရှိ။
ကျိုးခါနီးကျူပင်ကို မချိုး။ ငြိမ်းခါနီးမီးစာကို မငြှိမ်းသတ်။ တရားမျှတခြင်းအကြောင်းကို သစ္စာရှိစွာ ထုတ်ဖော်မည်။
၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
“တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ အဖုအပိမ့်၊ အယားအနာ၊ အစက်အပြောက်ဖြစ်လာ၍ သူ၏ကိုယ်ခန္ဓာအရေပြား၌ အနာကြီးရောဂါလက္ခဏာပေါ်လျှင် ထိုသူကို ယဇ်ပုရောဟိတ်အာရုန်၊ သို့မဟုတ် သူ၏သားယဇ်ပုရောဟိတ်တို့ထဲမှတစ်စုံတစ်ဦးထံသို့ ခေါ်ဆောင်လာရမည်။
ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
ထိုသူသည် သန့်စင်ကြောင်း ယဇ်ပုရောဟိတ်ကြည့်ရှုစစ်ဆေးပြီးမှ သူ၏ပွေးဝဲယားနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်ထံ နောက်တစ်ဖန် ပြရမည်။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။
ယုံကြည်ခြင်းအားနည်းသောသူကို လက်ခံကြလော့။ သူ၏တွေးတောကြံစည်မှုများကို မဝေဖန်ကြနှင့်။
ချစ်ရသောသူတို့၊ ငါတို့၌ ဤသို့သော ကတိတော်များရှိကြသောကြောင့် ကိုယ်ကာယနှင့်စိတ်ဝိညာဉ်တို့၏အညစ်အကြေးရှိသမျှတို့မှ မိမိတို့ကိုယ်ကိုစင်ကြယ်စေ၍ ဘုရားသခင်ကိုကြောက်ရွံ့ခြင်းအားဖြင့် မြင့်မြတ်သန့်ရှင်းခြင်းနှင့်ပြည့်စုံကြကုန်စို့။
သူတို့သည် ဖောက်ပြန်ကြပြီ။ ကိုယ်တော်၏သားသမီးများမဟုတ်တော့ပါ။ အနာအဆာရှိသောသူများ ဖြစ်ကြ၏။ ကောက်ကျစ်၍မရိုးဖြောင့်သောမျိုးဆက်ဖြစ်၏။
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။