ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
ဝတ်ပြု 13:56 - မြန်မာ့စံမီသမ္မာကျမ်း ထိုပစ္စည်းကို ဆေးကြောပြီးသည့်နောက် ယဇ်ပုရောဟိတ်ကြည့်ရှုစစ်ဆေး၍ အနာသည် ပါးသွားလျှင် အနာကို အဝတ်၊ သားရေ၊ တိုင်ချည်၊ ဖောက်ချည်တို့မှ ဖယ်ထုတ်ရမည်။ Common Language Bible သို့ရာတွင်ယဇ်ပုရောဟိတ်သည်ထပ်မံစစ် ဆေးသည့်အခါ ဖားဥကွက်သည်အရောင်ညှိုး သွားကြောင်းကိုတွေ့ရှိရလျှင် အဝတ်အထည် သို့မဟုတ်သားရေထည်ပစ္စည်းမှထိုအကွက် ကိုဆုတ်ထုတ်ရမည်။- Garrad Bible ဖွပ် လျှော် ကြ ပြီး နောက် ပ ရော ဟိတ် သည် ရှု ကြည့်၍ အ မှတ် လ က္ခ ဏာ မှေး မှိန် ကြောင်း တွေ့ လျှင် မူ ကား အ ဝတ်၊ သား ရေ၊ အတိုင် အ ဖောက် မှ ဆုတ် ပစ် ရ မည်။ Judson Bible ဆေးလျှော်ပြီးမှ၊ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍ အနာသည် ခပ်မည်းမည်းဖြစ်လျှင်၊ အဝတ်၊ သားရေ၊ ရက်ကန်းပင်၊ ရက်ကန်းသားထဲက အနာကွက်ကိုဆုတ်ဖဲ့ရမည်။ |
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
အနာစွဲသောပစ္စည်းကို လျှော်ပြီးသည့်နောက် ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေးရမည်။ အနာ၏လက္ခဏာသည် ပြောင်းလဲခြင်းမရှိ။ အနာသည်ပျံ့သွားခြင်းမရှိလျှင်လည်း ထိုပစ္စည်းသည် မစင်ကြယ်။ မီးရှို့ပစ်ရမည်။ ထိုပစ္စည်း၏အတွင်း၊ သို့မဟုတ် အပြင်၌ မှိုတက်နေခြင်းဖြစ်၏။
အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ အနာထပ်ပေါ်လာလျှင် ထိုအနာသည် ပြန့်ပွားတတ်သောအနာဖြစ်၍ သင်သည် ထိုအနာစွဲသောပစ္စည်းကို မီးရှို့ပစ်ရမည်။