သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
ဝတ်ပြု 13:52 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် အဝတ်၊ ချည်ချော၊ သို့မဟုတ် သိုးမွေး၏တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည့် အနာစွဲသောပစ္စည်းတို့ကို ရှို့ပစ်ရမည်။ ဆိုးရွားသော မှိုစွဲနာဖြစ်သောကြောင့် မီးရှို့ပစ်ရမည်။ Common Language Bible ထိုဖားဥကွက်သည်ကူးစက်တတ်သောဖားဥ မျိုးဖြစ်သဖြင့် ယဇ်ပုရောဟိတ်သည်ပစ္စည်း ကိုမီးရှို့ဖျက်ဆီးရမည်။ Garrad Bible သိုး ချည် ဖြစ် စေ၊ လျှော် ချည် ဖြစ် စေ၊ အ ဝတ်၊ အ တိုင် အ ဖောက် သော် လည်း ကောင်း၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ သော် လည်း ကောင်း၊ အ မှတ် လ က္ခ ဏာ ရှိ သော ပ စ္စည်း ကို နူ နာ ဆိုး ဖြစ် သော ကြောင့် မီး ကျွမ်း လောင် စေ ရ မည်။ Judson Bible ထိုအဝတ်ကို မီးရှို့ရမည်။ စားတတ်သောနူနာစွဲသော ရက်ကန်းပင်၊ ရက်ကန်းသား၊ ပိတ်အဝတ်၊ သိုးမွေးအဝတ်၊ သားရေအသုံးအဆောင်ကို မီးရှို့ရမည်။ |
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
ထိုအသေကောင်သည် မြေဖြင့်ပြုလုပ်ထားသောအိုးခွက်တစ်စုံတစ်ခုထဲသို့ကျလျှင် ထိုအိုးခွက်ထဲရှိသမျှသည် မစင်ကြယ်။ ထိုအိုးခွက်ကို ခွဲပစ်ရမည်။
ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် တစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ဖိုခနောက်ဖြစ်စေ ဖျက်ပစ်ရမည်။ ထိုအရာတို့သည် မစင်ကြယ်။ သင်တို့အတွက် မစင်ကြယ်။
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
ခုနစ်ရက်မြောက်သောနေ့၌ အနာကိုကြည့်ရှုစစ်ဆေးရမည်။ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်ပြုလုပ်ထားသောပစ္စည်းတစ်ခုခု စသည်တို့၌ ပျံ့သွားလျှင် ထိုအနာသည် ဆိုးရွားသော မှိုစွဲနာဖြစ်၏။ ထိုပစ္စည်းသည် မစင်ကြယ်။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခု စသည်တို့၌ ပျံ့သွားခြင်းမရှိလျှင်