အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
ဝတ်ပြု 13:5 - မြန်မာ့စံမီသမ္မာကျမ်း ခုနစ်ရက်မြောက်သောနေ့တွင် ယဇ်ပုရောဟိတ်သည် ထိုသူကို ကြည့်ရှုစစ်ဆေးရမည်။ ထိုသူ၏အနာသည် ပြောင်းလဲခြင်းမရှိ၊ အနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible သတ္တမနေ့၌ယဇ်ပုရောဟိတ်သည် ထိုသူအား ထပ်မံစစ်ဆေးပြီးအနာသည် ပကတိအတိုင်း ပြန့်ပွားမှုမရှိဟုထင်မြင်လျှင် ထိုသူအား ခုနစ်ရက်ထပ်မံသီးခြားနေထိုင်စေရမည်။- Garrad Bible ခု နစ် ရက် မြောက် သော နေ့ ရှု ကြည့် ပြန် ရာ အ ရေ ရှိ အ မှတ် မ တိုး ဘဲ ရပ် နေ သည် ဟု သိ မြင် သော် ခု နစ် ရက် ဆက် လက် လှောင် ထား ပြီး ကာ လ၊ Judson Bible သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ အနာသည် အရေ၌ မတိုးမလျော့နေလျှင်၊ တစ်ဖန်ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
အာရုန်၏သားများထဲမှ သူ၏အရိုက်အရာဆက်ခံသောယဇ်ပုရောဟိတ်သည် သန့်ရှင်းရာဌာနတော်၌ အမှုတော်ဆောင်ရွက်ရန် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ ထိုအဝတ်တန်ဆာကို ခုနစ်ရက်ပတ်လုံးဝတ်ဆင်ရမည်။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ထိုသူကို နောက်တစ်ဖန်ကြည့်ရှုစစ်ဆေးရမည်။ အနာသည် ပါးသွား၍ အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိလျှင် ယဇ်ပုရောဟိတ်သည် ထိုသူအား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် ပွေးဝဲယားနာဖြစ်၏။ ထိုသူသည် မိမိ၏အဝတ်ကို လျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
စင်ကြယ်စေခြင်းခံသောသူသည် မိမိအဝတ်ကိုလျှော်ရမည်။ မိမိအမွေးရှိသမျှကိုရိတ်ပြီး ရေချိုးရမည်။ ထို့နောက်မှ သူသည် စင်ကြယ်၍ တပ်စခန်းထဲသို့ဝင်ခွင့်ရှိမည်။ သို့သော် သူသည် မိမိတဲ၏အပြင်ဘက်၌ ခုနစ်ရက်နေရမည်။