သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
ဝတ်ပြု 13:47 - မြန်မာ့စံမီသမ္မာကျမ်း သိုးမွေးအဝတ်အထည်၊ ချည်ချောအဝတ်အထည်၊ Common Language Bible သိုးမွေးအဝတ်အထည်သို့မဟုတ်ပိတ်ချော အဝတ်အထည်တွင်ဖြစ်စေ၊- Garrad Bible သိုး ချည် ဖြစ် စေ၊ လျှော် ချည် ဖြစ် စေ၊ အ ဝတ်၌ သော် လည်း ကောင်း၊ လျှော် ချည် ဖြစ် စေ၊ သိုး ချည် ဖြစ် စေ၊ အ တိုင် အ ဖောက် ၌ သော် လည်း ကောင်း၊ သား ရေ ၌ သော် လည်း ကောင်း၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ ၌ သော် လည်း ကောင်း၊ သား ရေ ဖြင့် လုပ် သော အ ရာ ရာ ၌ သော် လည်း ကောင်း၊ နူ နာ အ မှတ် လ က္ခ ဏာ စွဲ ရောက် ခဲ့ လျှင်၊ Judson Bible ၎င်းနည်း နူနာစွဲသောအဝတ်သည်၊ ပိတ်အဝတ်ဖြစ်စေ၊ သိုးမွေးအဝတ်ဖြစ်စေ၊ |
သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
သင်သည် အဝတ်အစားအချို့ကိုယူပြီး အထွတ်အမြတ်ထားရာနေရာတို့ကို ရောင်စုံခြယ်လျက် မလုပ်သင့်၊ မလုပ်ထိုက်သော ဖောက်ပြန်မှားယွင်းခြင်းကိုပြု၏။
သူ၌ အနာစွဲနေသည့်ကာလပတ်လုံး သူသည် မစင်ကြယ်။ မစင်ကြယ်သဖြင့် သူတစ်ယောက်တည်းနေရမည်။ သူ၏နေရာသည် တပ်စခန်းအပြင်ဘက် ဖြစ်ရမည်။
ချည်ချော၊ သို့မဟုတ် သိုးမွေးတို့၏တိုင်ချည်၊ ဖောက်ချည်၊ သားရေ၊ သို့မဟုတ် သားရေဖြင့်လုပ်သောပစ္စည်းတစ်ခုခု စသည်တို့၌ မှိုစွဲနာရှိ၍
ယဇ်ပုရောဟိတ်သည် အဝတ်၊ ချည်ချော၊ သို့မဟုတ် သိုးမွေး၏တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည့် အနာစွဲသောပစ္စည်းတို့ကို ရှို့ပစ်ရမည်။ ဆိုးရွားသော မှိုစွဲနာဖြစ်သောကြောင့် မီးရှို့ပစ်ရမည်။
ဤသည်ကား စင်ကြယ်သည်၊ မစင်ကြယ်သည်ကိုကြေညာနိုင်ရန် သိုးမွေးအဝတ်၊ ချည်ချောအဝတ်၊ တိုင်ချည်၊ ဖောက်ချည်၊ သားရေအသုံးအဆောင်တစ်ခုခုစသည်တို့၌စွဲသည့် မှိုစွဲနာနှင့်ဆိုင်သောပညတ်တရားဖြစ်၏”ဟု မိန့်တော်မူ၏။
ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
အကြောင်းမှာ သင်တို့သည် သေဆုံးခဲ့ပြီဖြစ်၍ သင်တို့၏အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ဝှက်ထားလျက်ရှိ၏။
အချို့သောသူတို့ကို မီးထဲမှဆွဲထုတ်ကယ်တင်ကြလော့။ အချို့တို့ကိုမူ သူတို့၏သွေးသားဇာတိဖြင့်ညစ်ညူးစွန်းထင်းနေသောအင်္ကျီကိုပင် ရွံမုန်းလျက် ကြောက်ရွံ့သောစိတ်နှင့်တကွ သူတို့ကိုကရုဏာထားကြလော့။