ယားနာသည် တန့်နေ၍ ယားနာပေါ်၌ အမွေးမည်းပေါက်နေသည်ဟု ယဇ်ပုရောဟိတ်မြင်လျှင် ထိုသူသည် ယားနာပျောက်ကင်း၍ စင်ကြယ်ပြီဖြစ်သောကြောင့် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
သို့ရာတွင်ယဇ်ပုရောဟိတ်သည်အနာမပြန့် မပွား၊ အနာပေါ်ရှိအမွေးနက်များသည် ပကတိအသွေးအရောင်ရှိ၍ ပျောက်ကင်း သွားပြီဟုထင်မြင်ယူဆလျှင် ထိုသူအား ဘာသာရေးထုံးနည်းအရသန့်ရှင်းသည် ဟူ၍ဆုံးဖြတ်ရမည်။
အ မွေး နက် ပါ၍ ပွေး နာ နေ မြဲ နေ ကြောင်း သိ မြင် သော် ပွေး နာ ကု သ ပြီး ဖြစ်၍ သန့် သည့် အ လျောက် သန့် သည် ဟု ဖော် ပြ ရ မည်။
သို့မဟုတ် ဗောက်နူနာသည် ရပ်နေဟန်ရှိ၍ နက်သောအမွေးပေါက်လျှင်၊ အနာပျောက်၍ ထိုသူသည်စင်ကြယ်သောကြောင့်၊ ယဇ်ပုရောဟိတ်က ထိုသူသည် စင်ကြယ်၏ဟုစီရင်ရမည်။
ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။
ယဇ်ပုရောဟိတ်သည် သူ့ကို ကြည့်ရှုစစ်ဆေးရမည်။ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် အမွေးဝါရှိ၊ မရှိ စစ်ဆေးရန်မလို။ သူသည် မစင်ကြယ်။
ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ကိုယ်ခန္ဓာအရေပြား၌ အဖြူရောင်အစက်အပြောက်များ ပေါ်လာလျှင်