ထိုသူသည် အမွေးကို ရိတ်ပစ်ရမည်။ သို့သော် ယားနာဖြစ်သောနေရာကို မရိတ်ရ။ ယဇ်ပုရောဟိတ်သည် ယားနာဖြစ်သောသူကို နောက်ထပ်ခုနစ်ရက် သီးခြားထားရမည်။
အနာပတ်လည်ရှိအမွေးများကိုရိတ်ရ မည်။ ထို့နောက်သူအားခုနစ်ရက်တိုး၍သီး ခြားနေထိုင်စေရမည်။-
ပွေး ရှိ ရာ ကို လှပ်၍ ဆံ မုတ် ဆိတ် ရိတ် ရ မည်။ ပ ရော ဟိတ် သည် ပွေး နာ ရှိ သူ့ ကို ခု နစ် ရက် ဆက် လက် လှောင် ထား ပြီး နောက်၊
ထိုသူ၏ အမွေးကိုရိတ်ရမည်။ အနာအမွေးကိုကား မရိတ်ရ။ တစ်ဖန် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် ပျံ့သွားခြင်းမရှိ၊ အနာပေါ်ရှိအမွေးသည်လည်း မဝါ၊ ယားနာသည် အရေပြားအောက်ရောက်နေဟန်မရှိလျှင်
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် ယားနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် အရေပြားပေါ်၌ ပျံ့သွားခြင်းမရှိ၊ အရေပြားအောက်ရောက်နေဟန်လည်း မရှိလျှင် ယဇ်ပုရောဟိတ်သည် သူ့အား စင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ သူသည် မိမိအဝတ်ကိုလျှော်ရမည်။ ထို့နောက်မှ သူသည် စင်ကြယ်လိမ့်မည်။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။