ယဇ်ပုရောဟိတ်သည် ယားနာကိုကြည့်ရှုစစ်ဆေး၍ ထိုအနာသည် အရေပြားအောက်ရောက်နေဟန်မရှိ၊ အနာပေါ်ရှိအမွေးလည်း မမည်းလျှင် ယဇ်ပုရောဟိတ်သည် ယားနာဖြစ်နေသောသူအား ခုနစ်ရက် သီးခြားထားရမည်။
ယဇ်ပုရောဟိတ်သည်ထိုသူအားစစ်ဆေး သည့်အခါ အနာတွင်းသည်မနက်သော်လည်း အနာပေါ်ရှိအမွေးများသည် ပကတိအသွေး အရောင်အတိုင်းမရှိခဲ့လျှင် သူ့ကိုခုနစ်ရက် သီးခြားနေထိုင်စေရမည်။-
သို့ ရာ တွင် ပ ရော ဟိတ် သည် ပွေး နာ အ မှတ် လ က္ခ ဏာ ကို ရှု ကြည့် ရာ အ မွေး နက် မ ပါ သော် လည်း အ ရေ ထက် မ နက် ကြောင်း ထင် မြင် လျှင် ပွေး နာ အ မှတ် လ က္ခ ဏာ ရှိ သူ ကို ခု နစ် ရက် ပတ် လုံး လှောင် ထား ပြီး နောက်၊
ထိုအနာကို ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ အရေအောက်၌ စွဲဟန်မရှိ၊ နက်သောအမွေးလည်းမရှိလျှင်၊ ထိုအနာပေါက်သောသူကို၊ ယဇ်ပုရောဟိတ်သည် ခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။
ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေးရမည်။ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အနာပေါ်တွင် အမွေးဝါပါးပါးရှိနေလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ထိုအနာသည် ယားနာဖြစ်၏။ ခေါင်း၊ သို့မဟုတ် မေးတို့၌ဖြစ်သော အနာကြီးရောဂါဖြစ်၏။
ခုနစ်ရက်မြောက်သောနေ့၌ ယဇ်ပုရောဟိတ်သည် အနာကို ကြည့်ရှုစစ်ဆေး၍ ယားနာသည် ပျံ့သွားခြင်းမရှိ၊ အနာပေါ်ရှိအမွေးသည်လည်း မဝါ၊ ယားနာသည် အရေပြားအောက်ရောက်နေဟန်မရှိလျှင်
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။