ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
ဝတ်ပြု 13:21 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာပေါ်ရှိ အမွေးသည် မဖြူ၊ အရေပြားအောက်ရောက်နေဟန်လည်းမပေါ်ဘဲ ပါးသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့ကို ခုနစ်ရက် သီးခြားထားရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည်အနာကိုစစ်ဆေး၍ အနာနေရာတွင်အမွေးများမဖြူ၊ အနာ တွင်းလည်းမနက်၊ အနာ၏အရောင်လည်း ဖျော့နေလျှင်ထိုသူအားခုနစ်ရက်ပတ်လုံး သီးခြားနေထိုင်စေရမည်။- Garrad Bible သို့ ရာ တွင် ပရော ဟိတ် ရှု ကြည့် ရာ အ မွေး ဖြူ မ ပါ၊ အ ရေ အောက် မ စွဲ မ ရောက်၊ မှေး မှိန် ကြောင်း တွေ့ လျှင် ခု နစ် ရက် ပတ် လုံး လှောင် ထား လျက်၊ Judson Bible ယဇ်ပုရောဟိတ်သည် ကြည့်ရှုသောအခါ၊ ဖြူသောအမွေးမရှိ၊ အရေအောက်၌ မစွဲ၊ ခပ်မည်းမည်းဖြစ်လျှင်၊ ယဇ်ပုရောဟိတ်သည် ထိုသူကိုခုနစ်ရက်ပတ်လုံး ချုပ်ထားရမည်။ |
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
အနာသည် အရေပြားပေါ်၌ ပို၍ပျံ့သွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ အနာရောဂါဖြစ်၏။
အကယ်၍ ကိုယ်ခန္ဓာအရေပြားပေါ်မှ အစက်အပြောက်သည် ဖြူနေ၍ အရေပြားအောက်သို့ရောက်နေဟန်မရှိ၊ အမွေးသည်လည်း မဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် ထိုသူကို ခုနစ်ရက် သီးခြားထားရမည်။
ထိုသူ၏ဝိညာဉ်သည် သခင်ဘုရား၏နေ့ရက်၌ ကယ်တင်ခြင်းခံရမည့်အကြောင်း သူ၏သွေးသားပျက်စီးဖို့ရန် ထိုသူကို စာတန်လက်သို့အပ်နှံလိုက်ပြီ။