ဝတ်ပြု 13:19 - မြန်မာ့စံမီသမ္မာကျမ်း အနာစိမ်း၏နေရာ၌ အဖြူရောင်အဖုအပိမ့်၊ သို့မဟုတ် နီကြင်ကြင်အစက်အပြောက် ပေါ်လာသောအခါ သူသည် ယဇ်ပုရောဟိတ်ထံ ပြရမည်။ Common Language Bible ဖြူသောအဖုဖြစ်စေ၊ နီဖျော့ဖျော့အကွက်ဖြစ် စေပေါ်လာလျှင် သူသည်ယဇ်ပုရောဟိတ်ထံ သို့သွားရမည်။- Garrad Bible ဖျော့ နီ တောက် ထိန် ခြင်း ဖြစ် လျှင် ပ ရော ဟိတ် ထံ ပြ ရ မည်။ Judson Bible အနာရွတ်၌ ဖြူသောအဖုဖြစ်စေ၊ ဖြူနီသောအနူကွက်ဖြစ်စေ၊ ပေါ်လာသည်ကို ယဇ်ပုရောဟိတ်သည်ကြည့်ရှု၍၊ |
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ အနာသည် အရေပြားအောက်ရောက်နေဟန်ရှိလျက် အမွေးသည်လည်း ဖြူသွားလျှင် ယဇ်ပုရောဟိတ်သည် သူ့အား မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။ ၎င်းသည် အနာစိမ်းနေရာမှ ပေါ်လာသော အနာကြီးရောဂါဖြစ်၏။
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ မီးပူလောင်နာရှိ၍ အပူလောင်နာအစို၌ နီကြင်ကြင်အစက်အပြောက်၊ သို့မဟုတ် အဖြူရောင်အစက်အပြောက် ပေါ်လာသောအခါ
ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ နီကြင်ကြင်အနာပေါက်လျှင် ၎င်းသည် ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ ပေါက်သော အနာကြီးရောဂါဖြစ်၏။
ယဇ်ပုရောဟိတ်သည် ကြည့်ရှုစစ်ဆေး၍ ပြောင်သောခေါင်း၌ဖြစ်စေ၊ ပြောင်သောနဖူး၌ဖြစ်စေ အနာ၏အဖုအပိမ့်သည် ကိုယ်ခန္ဓာအရေပြား၌ဖြစ်သောအနာကြီးရောဂါ၏လက္ခဏာကဲ့သို့ နီကြင်ကြင်ဖြစ်နေလျှင်
သူသည် အနာကိုကြည့်ရှုစစ်ဆေးသောအခါ အိမ်နံရံရှိအနာသည် စိမ်းဖန့်ဖန့်၊ သို့မဟုတ် နီကြင်ကြင်ဖြစ်၍ နံရံထဲထိစွဲနေဟန်ရှိလျှင်