သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ဝတ်ပြု 13:10 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည်လည်း ကြည့်ရှုစစ်ဆေး၍ အရေပြားပေါ်၌ ဖြူသောအဖုအပိမ့်ရှိနေလျှင်လည်းကောင်း၊ အမွေးသည် ဖြူသွားလျှင်လည်းကောင်း၊ အဖုအပိမ့်ထဲတွင် အသားစိုနေလျှင်လည်းကောင်း Common Language Bible ယဇ်ပုရောဟိတ်သည်သူ့ကိုစစ်ဆေး၍ အရေ ပြားပေါ်တွင်အဖြူကွက်အနာရှိပြီး ထိုအဖြူ ကွက်ပေါ်ရှိအမွေးများဖြူလျက်အနာသည် လည်းပြည်တည်နေလျှင်၊- Garrad Bible ပ ရော ဟိတ် သည် ရှု ကြည့် ရာ အ ရေ ၌ အ သား ဆိုး ပါ လျက် အ မွေး ကို ဖြူ စေ ပြီး သော ဖြူ ဆွတ် ဖူး ထ ကြောင်း တွေ့ လျှင်၊ Judson Bible ယဇ်ပုရောဟိတ်ကြည့်ရှု၍၊ အရေ၌ထသောအဖုနှင့်တကွ အမွေးသည်ဖြူလျှင်လည်းကောင်း၊ အဖု၌ အသားစိုရှိလျှင်လည်းကောင်း၊ |
သို့ဖြစ်၍ နေမန်၌စွဲသောအနာကြီးရောဂါသည် သင်နှင့် သင့်သားစဉ်မြေးဆက်တို့၌ အမြဲစွဲကပ်နေလိမ့်မည်”ဟု ဆို၏။ ဂေဟာဇိလည်း အနာကြီးရောဂါစွဲကပ်ပြီး နှင်းပွင့်ကဲ့သို့ဖြစ်၍ ဧလိရှဲထံမှ ထွက်သွားလေ၏။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
ထိုသူ၏ကိုယ်ခန္ဓာအရေပြားပေါ်၌ ကြာမြင့်စွာစွဲနေပြီဖြစ်သောအနာကြီးရောဂါဖြစ်၏။ သူသည် မစင်ကြယ်။ ထို့ကြောင့် ယဇ်ပုရောဟိတ်သည် သူ့ကို သီးခြားထားစရာမလိုဘဲ မစင်ကြယ်သောသူဖြစ်သည်ဟု ကြေညာရမည်။
တစ်စုံတစ်ယောက်သည် ကိုယ်ခန္ဓာအရေပြား၌ မီးပူလောင်နာရှိ၍ အပူလောင်နာအစို၌ နီကြင်ကြင်အစက်အပြောက်၊ သို့မဟုတ် အဖြူရောင်အစက်အပြောက် ပေါ်လာသောအခါ
တစ်စုံတစ်ယောက်သည် အနာကြီးရောဂါအနာရှိနေလျှင် သူ့ကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်လာရမည်။
သူတို့သည် မြို့တံခါးရှိ ဆုံးမပေးတတ်သောသူကို မုန်း၍ အမှန်တရားပြောဆိုသူအား စက်ဆုပ်ရွံရှာကြ၏။
လောကီသားတို့သည် သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကား မုန်းကြ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့ပြုသောအမှုများမကောင်းကြောင်းကို ထောက်ပြသောကြောင့်ဖြစ်၏။